တိုးချန်ပီယံရှစ်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်ဗိုလ်စွဲပြီး ငါးနှစ်အတွင်း ပထမဆုံးအောင်ပွဲရ

ရာသီအပိတ် တိုး ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲတွင် အမရေိကန်ဂေါက်သီးအကျော် အမော် တိုက်ဂါးဝုဒ် (၄၂) နှစ် သည် တစ်နိုင်ငံတည်းသားပြိုင် ဘက် ဘီလီဟော့စ်ရှယ်လ်ထက် ရိုက်ချက် နှစ်ချက် လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ပြီး ငါးနှစ်အတွင်း ပြိုင်ပွဲ အရပ်ရပ်၌ ပထမဆုံးအောင်ပွဲရရှိ ခဲ့သည်။

ယခုအောင်ပွဲသည် ၂၀၁၃ သြဂုတ်က WGC Bridgestone Invitation ပြိုင်ပွဲတွင်ဗိုလ်စွဲပြီး နောက်ပိုင်း တိုက်ဂါးဝုဒ်အတွက် ပထမဆုံးအောင်မြင်မှု ဖြစ်သကဲ့ သို့ ၈၀ ခုမြောက် PGA Tour ချန်ပီယံဆုဖြစ်သောကြောင့် PFA Tour သမိုင်း၌ ဆုဖလားအများဆုံး ရရှိသူစာရင်းတွင် အမေရိကန်ဂန္ထ ဝင် ဂေါက်ရိုက်သမား ဆမ်ဆနိဒ် ကို လိုက်မီရန် နှစ်ကြိမ်သာလို တော့သည်။

‘‘နောက်ဆုံးကျင်းစိမ်တဲ့အ ချိန်မှာ မငိုမိအောင်ထိန်းဖို့ ကျွန်တော်အခက်တွေ့ခဲ့ပါတယ်။ ဒီ အောင်မြင်မှု ရခဲ့တဲ့အတွက် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်’’ ဟု ကျောရိုးဆစ်ခွဲစိတ်မှု အမြောက်အမြား ခံယူခဲ့ရပြီးနောက် လွန်ခဲ့သော တစ်နှစ်ခန့်က ကမ္ဘာ့ အဆင့် (၁၁၉၉) သို့ ရောက်ရှိခဲ့သူ တိုက်ဂါးဝုဒ်က ပြောသည်။

၁၈ ကျင်းစိမ်ချိန်တွင် တိုက် ဂါးဝုဒ် ပရိသတ်များက ‘‘တိုက်ဂါး၊ တိုက်ဂါး’’ ဟု အော်ဟစ်အားပေ ခဲ့သည်။

‘‘ဒါက ခက်ခဲပါတယ်။ နောက်ဆုံးလေးနှစ်လောက်မှာ ကျွန်တော့်ဘဝက သာသာယာယာမရှိခဲ့ဘူး။ ကိုယ့်လက်ရည် ပြန်ရဖို့ ကြိုးစားခဲ့ရတယ်။ ကျွန်တော့်အနားမှာ ရှိတဲ့သူတွေ မပါဘဲနဲ့ ဒီလိုပြန်ပြီး ဗိုလ်စွဲနိုင်အောင် မလုပ်နိုင်ပါဘူး။ ကျွန်တော်ရုန်း ကန်နေရတာကို တခြားဂေါက် ရိုက်သမားတွေ သိပါတယ်။ တိုး ချန်ပီယံရှစ်ဗိုလ်စွဲခဲ့တာကို ယုံကြည်ဖို့တောင် ခက်ပါတယ်’’ ဟု တိုက်ဂါးဝုဒ်က ထပ်လောင်းပြောသည်။

ဗြိတိန်မှ ဂျက်စတင်ရိုစ့်က ယခုရာသီအပိတ်ဂေါက်ရိုက်ပြိုင်ပွဲတွင် စတုတ္ထသာရရှိသောကြောင့် ကမ္ဘာ့အဆင့် (၁) နေရာ ဆုံးရှုံးမည်ဖြစ်သော်လည်း တစ်ရာသီလုံးစာ PGA တိုးချန်ပီယံရှစ် အဆုံးအဖြတ်ပေးသည့် FedEX ဖလားကို ဆွတ်ခူးခဲ့သည်။

FedEX ဖလား ဆွတ်ခူးနိုင်ခဲ့သော ပထမဆုံးဗြိတိန်နိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ရိုစ့် (၃၈) နှစ်က ပြင်သစ်နိုင်ငံမြို့တော် ပါရီ၌ မကြာမီကျင်းပမည့် Ryder ဖလားကို ယှဉ်ပြိုင်ရန် မအောင့်အည်းနိုင်အောင် ဖြစ်မိသည်ဟု ပြောကြားသည်။

—Ref: BBC