ဟင်္သာတမြို့နယ် တာကလေးမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်

13267753_264725900546267_98669402551249596_n

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာကလေးမြို့ ကွက်သစ် အမှတ်(၄၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့်ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၅) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး ဦးစန်းဌေး၊ ပညာရေးဝန်ကြီး ဌာနဟင်္သာတခရိုင် လ/ထ ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

13245424_264725983879592_1542647313890184537_n

ရှေးဦးစွာ အခမ်းအနားအစီအစဉ် (ပထမ) ပိုင်းကို စတင်ကျင်းပရာ ဟင်္သာတခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ကျောင်းဆောက်လုပ်ရေးတာဝန်ခံ ဦးအောင်စိုး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူ ဧည့်သည်တော် များက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ အမှတ်တရဓာတ်ပုံ ရိုက်ကြပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဧည့်သည် တော်များက ကျောင်း ဆောင်သစ်ကို လှည့်လည်ကြည့်ရှုသည်။

13307242_264726037212920_5573253719598234641_n

ယင်းနောက် အခမ်းအနားအစီ အစဉ်ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ရှေးဦးစွာ ကျောင်းသား ကျောင်းသူလေးများနှင့် ကျောင်းကော်မတီဝင်များက ဂုဏ်ပြုတေး သီချင်းများဖြင့် သီဆိုဖျော်ဖြေကြ ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် တာကလေး မြို့ ကွက်သစ်သည် ဟင်္သာတမြို့ပေါ် ရပ်ကွက်များတွင်ပါရှိသော်လည်း လမ်း၊ လျှပ်စစ်မီးစသည်တို့ ပြည့်စုံမှုမရှိကြောင်း ပါတီဝင်များက ပြောကြားသည့်အတွက် ၂ဝ၁၄ ခုနှစ်လယ်ပိုင်းတွင် လာရောက် ကာ ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူများနှင့်ဆွေးနွေးခဲ့ကြောင်း၊ လျှပ်စစ်မီး၊ လမ်းအပြင် မူလတန်းကျောင်း မရှိသည့်အတွက် အခြားရပ်ကွက်ကျောင်းများသို့ ကလေးငယ်များ သွားရောက်သင်ကြားနေရကြောင်း၊ ကျောင်းအုပ်ဆရာကြီး (ငြိမ်း) ဦးသန်းဝေနှင့် ရပ်မိရပ်ဖများက ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်၍
ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးမှုကြောင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကာ မူလတန်း ကျောင်းအဆောက်အအုံဆောက်လုပ်ခဲ့ပြီး တွဲဖက်မူလတန်း ကျောင်း၊ မူလတန်းကျောင်းမှ မူလွန် ကျောင်းအထိဖြစ်အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခင်စတင်ဆောက်လုပ်သည့် မူလတန်းကျောင်း အဆောက်အအုံအပြင် အလှူရှင်များ၏ထည့် ဝင်ငွေ၊ ပညာရေးဝန်ကြီးဌာန၏ပံ့ ပိုးငွေတို့ဖြင့် သပ်ရပ် ခိုင်ခံ့သည့် ပေ ၁၂ဝ x ပေ ၃ဝ အဆောက်အအုံကိုလည်း ဆောက်လုပ်ခဲ့ကြောင်း၊ မူလွန်အဆင့်ကို လည်းရရှိပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်သည့်အတွက် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ ဟင်္သာတသားတစ်ဦးဖြစ်သည့်အတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရန်ဝတ္တရားလည်းရှိကြောင်း၊ တိုတောင်းသည့်ကာလအတွင်း ယခုကဲ့သို့ ပညာရေး အတွက် အားထားရသည့် မူလွန်ကျောင်းရရှိရေးအတွက် ဆောင်ရွက်ပေးကြသည့် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူး တင်ရှိကြောင်း၊ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် နိုင်ငံတော်၏အကျိုးအတွက် ပါတီဝင်များရည်မှန်းချက်တူသူများ၊ ပြည်သူများနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား ကျောင်းကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က လွှဲပြောင်းပေးအပ်ရာ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးအေးနိုင်ကလက်ခံသည်။

ဆက်လက်၍ ဟင်္သာတခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးအေးနိုင်တို့က အမှာစကား ပြောကြား၍ ကျောင်းဖွင့်ပွဲအမှတ်တရအလံများကို ကျောင်းအကျိုးတော် ဆောင်အဖွဲ့ကပေးအပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်၍ မေတ္တာဖြင့်တာဝန် ယူဆောက်လုပ်ပေးသည့် တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်စိုးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီးနောက် ကျောင်းကော်မတီအဖွဲ့ဝင် ဦးမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဝင်များက တေးသီချင်းများဖြင့် သီဆိုကပြခဲ့ကြောင်း သိရသည်။


Leave a Reply