မအူပင်မြို့ အထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲသို့ တိုင်းပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

 

မအူပင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အဂါး ကျေးရွာအုပ်စု စကားလွန်းကျေး ရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ် ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ရာ တိုင်းပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး(ပညာ) ဒေါ်မြင့် မြင့်သန်း၊မအူပင်ခရိုင်ပညာရေးမှူး ရုံးမှ လက်ထောက်ညွှန်မှူးဦးကျော် ဦးနှင့် မအူပင်မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်တို့က အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခြင်း၊ တက်ရောက်လာသူများ က ဆိုင်းဘုတ်ကို အမွှေးနံ့သာရည် များပက်ဖျန်းပေးခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး (ပညာ)ဒေါ်မြင့်မြင့်သန်းကဂုဏ်ပြု အမှာစကားပြောကြားခြင်း၊ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီဝင်၊ မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်းကဂုဏ်ယူဝမ်းမြောက် ကြောင်း မုဒိတာစကားပြောကြား ခြင်း၊ စကားလွန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးသိန်းဦး က ကျေးဇူးတင်စကားပြောကြား ခြင်း၊ အဂါးကျေးရွာအုပ်ချုပ်ရေး မှူး ဦးမျိုးဆန်းက ကျေးဇူးတင် စကားပြောကြားခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း စိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)