ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၂) သင်တန်း သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးသည် ယမန်နေ့နံနက် ၁ဝ နာရီက ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၂)သို့ တက် ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်၍ ပါတီက နိုင်ငံတော်နှင့်ပြည်သူများ အကျိုးအတွက် ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန် တာဝန်ရှိ ကြောင်း၊ ဟင်္သာတသားတစ်ဦးဖြစ်၍ ဟင်္သာတမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ဝတ္တရားရှိကြောင်း၊ ယခုသင်တန်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်တို့ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဟင်္သာတ၌ သင်တန်းဖွင့်လှစ်ခြင်း လေးကြိမ်မြောက်ဖြစ်ကြောင်း၊ အခြားသူများ ကူညီလိုလျှင် မိမိကိုယ်တိုင် တတ်မြောက်ရန်လိုကြောင်း၊ မိမိတို့အတွက် အဖိုးထိုက်တန်သည့် အသက်မွေးဝမ်းကျောင်းပညာဖြစ်ကြောင်း၊ သိအောင်၊ တတ်အောင်သင်ကြားကြရန်လိုကြောင်း၊ မိမိတို့ တတ် မြောက်ခဲ့သည့်ပညာဖြင့် မိမိအတွက်၊ မိမိ မိသားစုအတွက်နှင့် မိမိပတ်ဝန်းကျင်၊ နယ်မြေအကျိုး၊ ဒေသအကျိုးအတတ်နိုင်ဆုံး ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ သင်တန်းကာလတစ် လျှောက်လုံး သတ်မှတ်စည်းကမ်းများကိုလိုက်နာပြီး တတ်မြောက် အောင်သင်ကြားကြရန်နှင့် မိမိအနေဖြင့်လည်း ဟင်္သာတ၌ရှိသော ပြည်သူများနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိကူညီနိုင်သည့် လုပ်ငန်းမှန်သမျှ စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၂)ကို ဟင်္သာတ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသူ ၅ဝ အား နယ်စပ် ရေးရာဝန်ကြီးဌာနမှ သင်တန်းနည်းပြလေးဦးက သင်ကြားပို့ချပြီး ယခုလ ၁၆ ရက်မှ သြဂုတ် ၅ ရက်အထိ သင်တန်းကာလ သုံးလဖြစ်ကြောင်း သိရသည်။

Union Daily


Leave a Reply