လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာနေခြင်းကို ဆာဂျီယိုဂါစီယာ အဆုံးသတ်

13227042_1719037791682438_1400333845147654682_n

၂၀၁၆ ရာသီ PGA Tour ဂေါ့ဖ်ပွဲစဉ်တစ်ရပ်ဖြစ်သည့် AT& T Byron Nelson ပြိုင်ပွဲ တွင် စပိန်နိုင်ငံသား ဆာဂျီယိုဂါစီယာ အနိုင်ရဗိုလ်စွဲပြီး လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာ နေခြင်းကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဂါစီယာသည် စတုတ္ထနေ့ပွဲစဉ်အပြီးတွင် အမေရိကန်နိုင်ငံသား ဘရွတ်ကိုးကာနှင့် လျှော့ရိုက်ချက် ၁၅ ချက်စီ တူညီနေသဖြင့် Play-off ထပ်မံယှဉ်ပြိုင်ခဲ့ရပြီး ပထမဆုံးကျင်းမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဂါစီယာသည် ၂၀၁၂ ခုနှစ် သြဂုတ်လနောက်ပိုင်း ပထမဆုံး ချန်ပီယံအောင်မြင်မှုရရှိခြင်းဖြစ်ပြီး ဆုကြေး ဒေါ်လာ ၁ ဒသမ ၃ သန်း ဆွတ်ခူးရရှိခဲ့သည်။

European Tour ပွဲစဉ်ဖြစ်သည့် Irish Open ပြိုင်ပွဲတွင် မူ နာမည်ကြီးကစားသမား မက်အီရွိုင်းက လျှော့ရိုက်ချက် ၁၂ ချက်ဖြင့် ဗိုလ်စွဲခဲ့သည်။

Photo: DailyMail


Leave a Reply