အိုလံပစ်ပြိုင်ပွဲဝင် အူစိန်ဘော့ သမိုင်းသစ်ရေးထိုး

Usain-Bolt-1

ရီယိုဒီဂျနေးရိုး- ရီယိုအိုလံပစ်ပြိုင် ပွဲတွင် ဂျမေကာနိုင်ငံမှ အူစိန်ဘော့သည် မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၌ သုံးကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူ၍ ကမ္ဘာ့အကြီးကျယ် ဆုံးပြေးခုန်ပစ်ကစားသမား တစ်ဦးအဖြစ် သက်သေပြကာ သမိုင်း သစ်ရေးထိုးခဲ့သည်။

ဘေဂျင်း ၂၀၀၈ နှင့် လန် ဒန် ၂၀၁၂ တို့တွင် ရွှေတံဆိပ်ရ ယူခဲ့သော အူစိန်ဘော့ (၂၉) နှစ် သည် ရီယို ၂၀၁၆ ၌ ၉ ဒသမ ၈၁ စက္ကန့်ဖြင့် ထိပ်ဆုံးမှ ပန်းဝင် ခဲ့သည်။ ၎င်း၏နောက်တွင် တား မြစ်ဆေးသုံးစွဲမှုကြောင့် နှစ်ကြိမ် ပိတ်ပင်ခံခဲ့ရသော ကန်အပြေး သမား ဂျပ်စတင်ဂတ်လင်းက ဒုတိယ ငွေတံဆိပ်ဆုရယူကာ ကနေဒါမှ ဒီဂရက်စီက တတိယရရှိခဲ့သည်။ အူစိန်ဘော့မတိုင်မီ မည် သည့်ပြေးခုန်ပစ်ကစားသမားမျှ မီတာ ၁၀၀ ရွှေတံဆိပ်ဆု သုံးခု မရရှိခဲ့ဘဲ အူစိန်ဘော့က ပထမ ဆုံးဖြစ်ကာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

‘‘ကျွန်တော်ဟာ ဘယ်တော့ မှ ပျောက်ကွယ်မသွားမယ့် လူလို့ တစ်စုံတစ်ယောက်က ပြောပါ တယ်။ နောက်ထပ် ဆုတံဆိပ် နှစ်ခုယူပြီး ရင်တော့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် လူဖြစ် နိုင်ပါတယ်’’ဟု အူစိန်ဘော့က ပြောသည်။

အူစိန်ဘော့သည် ၂၀၀၈ နှင့်၂၀၁၂ က မီတာ ၂၀၀ နှင့် မီတာ ၄၀၀ လက်ဆင့်ကမ်း (၄×၁၀၀ မီတာ) ပြိုင်ပွဲများတွင်လည်း ရွှေ တံဆိပ်ရယူခဲ့ပြီး ရီယို ၂၀၁၆ ၌ ယင်းပြိုင်ပွဲများဆက်လက်ယှဉ် ပြိုင်မည်ဖြစ်သည်။ ယင်းအတွက် အိုလံပစ်ပြိုင်ပွဲသုံးကြိမ်တွင်  ပြိုင်ပွဲသုံးခုစလုံး၌ ရွှေတံဆိပ်ရယူ နိုင်သည့် ကစားသမားဖြစ်လာရန် အလားအလာကောင်းနေသည်။

‘‘ဒါအကောင်းဆုံးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီကနေ အောင်မြင်မှုအတွက် ဂုဏ်ယူပါ တယ်’’ဟု ဂျမေကာဂန္ထ၀င်က ပြောသည်။

—Ref:BBC


Leave a Reply