ဘင်္ဂါလီကိစ္စကြောင့် တရားဥပဒေစိုးမိုးရေး ယိမ်းယိုင်သည့်အဆင့်အထိ ဖြစ်လာနိုင်ဟု ဗဟို အလုပ်အမှုဆောင် ဦးခင်ရီဆို

U Khin Yi

မြန်မာနိုင်ငံတွင် မည်သည့်အစိုးရလက်ထက်တွင်မဆို ဘင်္ဂါလီအရေးကြောင့် တရားဥပဒေစိုးမိုးရေး ယိမ်းယိုင်သည့်အဆင့်အထိ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ပြောကြားသည်။

မေလ (၂၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်သည့် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် တိုင်းဒေသကြီး ပါတီဝင်များ တွေ့ဆုံပွဲအပြီး The Voice နှင့် တွေ့ဆုံစဉ် ဦးခင်းရီက ယင်းသို့ ပြောဆို ခြင်းဖြစ်သည်။

“တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးက အစိုးရတိုင်းအတွက် အရေးကြီးဆုံးသော စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ ဘင်္ဂါလီကိစ္စဆိုတာက တရားဥပဒေ ယိမ်းယိုင် သွားတဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ထားသူ ဦးခင်ရီသည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ တွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်နှင့် ယခင် တပ်မတော်အစိုးရလက်ထက်တွင် ရဲချုပ်တာဝန်ယူခဲ့သူ ဖြစ်သည်။

The Voice Weekly


Leave a Reply