ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္မွ ပုဗၺသီရိၿမိဳ႕နယ္၊တပင္ေရႊထီးရပ္ကြက္ရွိ မရွိႏြမ္း​ပါးျပည္သူမ်ားႏွင့္မသန္စြမ္းမ်ားအား ဆန္အိတ္မ်ားေထာက္ပံ့

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၆

ျပည္ခိုင္ၿဖိဳးပါတီ ပါတီဌာနခ်ဳပ္မွေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊တပင္ေရႊထီးရပ္ကြက္ရွိ မရွိႏြမ္းပါး(၂၇၃)ဦးႏွင့္မသန္စြမ္း(၁၃၅)ဦး စုစုေပါင္း (၄၀၈)ဦးအား ဆန္(၆)ျပည္အိတ္ (၄၀၈)အိတ္ ေထာက္ပံ့ေပးခဲ့ပါသည္။
ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္မွလႉဒါန္းေသာ ဆန္အိတ္ (၄၀၈)အိတ္အား ဌာနခ်ဳပ္ကိုယ္စား ျပည္ေထာင္စုနယ္ေျမျပည္ခိုင္ၿဖိဳးပါတီ နာယကမ်ား၊ ေခတၱဥကၠ႒ဦးလွေဆြႏွင့္ေကာ္မတီဝင္မ်ားမွ ပုဗၺသီရိၿမိဳ႕နယ္၊တပင္ေရႊထီးရပ္ကြက္ရွိ ေဝေနယ်သုခဓမၼာ႐ုံတြင္သြားေရာက္ေထာက္ပံ့ေပးအပ္ခဲ့ပါသည္။
ေထာက္ပံ့လႉဒါန္းမႈစုစုေပါင္းတန္ဖိုးေငြမွာ က်ပ္သိန္း(၁၂၀) ျဖစ္ေၾကာင္းသိရွိရပါသည္။

=========

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ မရှိနွမ်း​ပါးပြည်သူများနှင့်မသန်စွမ်းများအား ဆန်အိတ်များထောက်ပံ့

နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ခိုင်ဖြိုးပါတီ ပါတီဌာနချုပ်မှနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ မရှိနွမ်းပါး(၂၇၃)ဦးနှင့်မသန်စွမ်း(၁၃၅)ဦး စုစုပေါင်း (၄၀၈)ဦးအား ဆန်(၆)ပြည်အိတ် (၄၀၈)အိတ် ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ် (၄၀၈)အိတ်အား ဌာနချုပ်ကိုယ်စား ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ နာယကများ၊ ခေတ္တဥက္ကဋ္ဌဦးလှဆွေနှင့်ကော်မတီဝင်များမှ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံတွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထောက်ပံ့လှူဒါန်းမှုစုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သိန်း(၁၂၀) ဖြစ်ကြောင်းသိရှိရပါသည်။