ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ယခင်ဝန်ကြီး (ငြိမ်း)၊ ဒုဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံ၍ လူမှု အကျိုးစီးပွား တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်မှာကြား

13227115_264674343882392_8011469810668050463_n 13267959_264674383882388_7818363774003358735_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ (ယခင်သမ္မတဟောင်း) ဦးသိန်းစိန်နှင့် ပြည်ထောင်စု ဝန်ကြီး (ငြိမ်း)၊ ဒုတိယဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံကာ လူမှုအကျိုးစီးပွားတိုးတက်ရေးများကို ဝိုင်ဝန်းလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့်က ဆင်ဟွာသို့ ပြောကြားသည်။

“အရင် တာဝန်ထမ်းခဲ့တဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာ သိပညာအတတ်ပညာပိုင်းနဲ့ အတွေ့အကြုံပိုင်း အခြေခံပြီး မိမိတို့ တတ်စွမ်းသမျှ နိုင်ငံရေးအပြင်ကနေ ဝိုင်းလုပ်ဖို့ ဒီနေ့တွေ့ပြီး ဆွေးနွေးဖြစ်တယ် ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဥက္ကဋ္ဌ ဦးသိန်းစိန် သည် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ၊ ယခင်ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့်နှင့် တွေ့ဆုံကာ ပါတီကို ပြည်သူများ ယုံကြည်အားကိုးလာအောင် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tin Tin Aye’s Post


Leave a Reply