ခေါင်းဆောင်အသစ် ရွေးချယ်တင်မြှောက်ကြောင်း တာလီဘန်အဖွဲ့ ကြေညာ

75278258

အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ကားအစိတ်အပိုင်းများ။

 

အာဖဂန်နစ္စတန် တာလီဘန် စစ်သွေးကြွများက ၎င်းတို့၏ ခေါင်းဆောင်သစ်ကို တင်မြှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

မေ ၂၅ ရက်တွင် တာလီဘန်တို့၏ မိမိတို့၏ စစ်ဆင်ရေးများကို မော်လဝီ ဟိုင်ဘာတူလာ အက်ခွန်ဇာဒါက ဦးဆောင်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အက်ခွန်ဇာဒါသည် သေဆုံးသွားပြီဖြစ်သည့် ခေါင်းဆောင်ဟောင်း မူလာ အက်ခ်တာ မန်ဆာ၏ နေရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ မန်ဆာသည် ပါကစ္စတန်ပိုင်နက်ထဲတွင် ခိုအောင်း နေစဉ် အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။

ပါကစ္စတန် ထောက်လှမ်းရေးက အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီးသည် ဘာလိုချီစတန်ရှိ ကားတစ်စီးကို မေ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် မန်ဆာ သေဆုံးသွားကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် တာလီဘန်တို့ကလည်း ၎င်းတို့၏ ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရကြောင်း အတည်ပြု ဝန်ခံခဲ့သည်။

အက်ခွန်ဇာဒါသည် တာလီဘန်ကို မန်ဆာ ဦးဆောင်စဉ်က လက်ထောက် ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန် ယူခဲ့သည်။ တာလီဘန်တို့၏ ကြေညာချက်အရ အက်ခွန်ဇာဒါ လက်အောက်တွင် ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သည့် မူလာအိုမာ၏ သားဖြစ်သော မူလာ မိုဟာမက် ယာကွတ်က ဒုတိယ ခေါင်းဆောင် တစ်ဦးအဖြစ် စစ်ဆင်ရေးများကို ကွပ်ကဲသွားမည်ဟု သိရသည်။ တာလီဘန်တွင် ဆီရာဂျူဒင်း ဟက်ကွာနီသည် ဒုတိယ ခေါင်းဆောင်အဖြစ် ရှိနေရာ အက်ခွန်ဇန်ဒါ၏ လက်ထောက်အဖြစ် နှစ်ဦးအပြိုင် ထားရှိမည့်သဘော ဖြစ်လာခဲ့သည်။

-Ref: BBC


Leave a Reply