ဆီဗီလာသည် ၁၀ နှစ်အတွင်း ယူရိုပါလိဂ်ဖလား ငါးကြိမ်ရသည့် တစ်ခုတည်းသောအသင်း ဖြစ်လာ

13239290_1716624038617643_5316331727781031189_n

ဥရောပချန်ပီယံဆီဗီ လာအသင်းသည် လီဗာပူးကို အနိုင်ယူကာ ၂၀၁၆  ယူရိုပါလိဂ် ဖလား ရရှိခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုအတွင်း ဖလားငါးကြိမ်ရရှိ သည့် ပထမဆုံးအသင်းဖြစ်လာ သည်။ သို့သော်ဆီဗီလာအသင်း အနေဖြင့် ချန်ပီယံလိဂ်တွင် ခြေ စွမ်းပြကစားနိုင်ရန် လိုအပ်သည် ဟု ဘောလုံးလေ့လာသူများက ထောက်ပြပြောဆိုသည်။

ဆီဗီလာအသင်းသည် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ သုံးနှစ် ဆက်တိုက် ယူရိုပါလိဂ်ဖလားများ ရရှိခဲ့ပြီး ၂၀၀၆ နှင့် ၂၀၀၇ တို့ တွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။

နည်းပြ အမ်မရီ၏ဦးဆောင် မှုနှင့်အတူ ဆီဗီလာအသင်း ယူရို ပါလိဂ်ဖလား သုံးနှစ်ဆက်တိုက် ရရှိခြင်းဖြစ်ပြီး ယခင် ၂ နှစ်ဆက်တိုက်ဖလားများကို နည်းပြ ဟွန်ဒီ ရာမို့စ် လက်ထက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆီဗီလာအသင်းသည် လာလီဂါတွင် နံပါတ် (၇) နေရာသာ ရရှိခဲ့ခြင်းကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မှာ ယူရိုပါလိဂ်ဖလားကြောင့်သာ သေချာခဲ့ခြင်းဖြစ်သည်။

ဆီဗီလာသည် ပြီးခဲ့သည့် ရာသီကလည်း ချန်ပီယံလိဂ်ဝင် ခွင့်အတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဒီနီပရိုအသင်းကို အနိုင်ရဗိုလ်စွဲ၍ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝေဖန်ထောက်ပြမှုများ ရှိနေသော်လည်း ဆီဗီလာအသင်းဥက္ကဋ္ဌ ဂျိုးစ်ကက်စထရိုက မိမိတို့ အသင်းအနေဖြင့် အေဒင်ဟိုဗန်၊ ဂလက်စကောနှင့် ဘေဆယ်မြို့များသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် သုံးကြိမ်စလုံး ဖလားကို အိမ်ပြန်သယ်ဆောင်နိုင်ခဲ့သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားသည်။

—Ref:Goal


Leave a Reply