ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ရော်ဂျာဖက်ဒါရာ နုတ်ထွက်

13235131_1717413685178182_8348560130262494670_o

ဆွစ်ဇာလန်နာမည်ကျော်တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် မကြာမီစတင်တော့မည့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆွစ်ဇာလန် တင်းနစ်သမား စတန်ဝေါ်ရင်ကာဖြစ်သည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ရော်ဂျာဖက်ဒါရာသည် နောက်ကျောဒဏ်ရာ သက်သာလာခြင်းမရှိသည့်အတွက် ပြိုင်ပွဲမတိုင်မီ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ ရော်ဂျာဖက်ဒါရာအတွက် ၂၁ ရာစုအတွင်း ဂရင်းစလင်းပြိုင်ပွဲ တစ်ရပ်ကို ပထမဆုံးအကြိမ် လွဲချော်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

(Marca)


Leave a Reply