ရေတာရှည်မြို့နယ် ပြည်ခိုင်းဖြိုးရုံး၌ ရပ်ကျေးပါတီ ခေါင်းဆောင်များ ပြန်လည်ဖွဲစည်း

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ တိုင်းအတွင်းရေး မှူးနှင့်၊ အဖွဲ့ဝင်များသည် မေလ (၁၇) ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံကာ ရပ်ကျေးပါတီခေါင်းဆောင်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနေမှု အခြေအနေများ၊ ဆောင်ရွက်နေသော ပါတီလုပ်ငန်းစဉ်များ နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ပါတီရေးရာကိစ္စများကို ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ပါတီ အတွင်း ရေးမှူး ဦးသိန်းမြင့်ထွန်း နှင့် တွဲဖက်အတွင်းရေးမှူး ဦးစိုးသီဟတို့မှ နယ်မြေအခြေအနေများ ကွင်းဆင်းဆောင်ရွက်နေမှုများကို ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြကြောင်း သိရသည်။

credit;Usdp Yedashe


Leave a Reply