လောင်းလုံးပြည်ခိုင်ဖြိုး ကျေးရွာပြည်သူများ သောက်သုံးရေလိုအပ်ချက် ဖြည့်ဆည်းကူညီဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသော လောင်းလုံမြို့နယ် ကညုံကျွန်းကျေးရွာသို့ သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ဝင်း (၁)၊ တိုင်းပါတီကော်မတီဝင် ဦးကျော်ဝင်း (၂)၊ ဦးညီညီအေး၊ ခရိုင်ပါတီကော်မတီဝင် (၅) ဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသိန်းသန်းနှင့် မြို့နယ် ပါတီကော်မတီဝင် (၁၅) ဦးတို့သည် မေလ (၁၂) ရက် နေ့လည် (၃) နာရီမှ ညနေ (၅) နာရီ ကညုံကျွန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


Leave a Reply