အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက Face Mask များ လှူဒါန်း

 

အိမ်မဲ ဇွန် ၁၆ 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီမှ မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများထံသို့ Face Maskများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉နာရီတွင် ကျင်းပခဲ့ကြသည်။

ထိုသို့ လှူဒါန်းခြင်း အခမ်းအနားကို ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇွန်မာန်လွင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ လှူဒါန်းရသော Face Mask အရေအတွက် ၁ဝဝဝ အား နယ်မြေတာဝန်ခံများမှတစ်ဆင့် ကျေးရွာအုပ်စု များထံသို့ ထပ်ဆင့်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။