ဧရာဝတီတိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ပါတီရေးရာကော်မတီများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးခန်းမတွင်ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်ပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ တောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ သတင်းမီဒီယာနှင့် ပြည်သူ့ ဆက်ဆံရေးရာ တာဝန်ခံများ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာ (၇) ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

14581550_2139195906305749_8092075962208471533_n


အဆိုပါ အခမ်းအနားသို့ ပါတီ ဌာနချုပ်မှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာ ဒေါ်စန်းစန်းနွယ် (အမျိုးသမီးရေးရာတာဝန်ခံ) နှင့် ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ဦးလှသိန်းဆွေ (အလုပ်သမားရေးရာ တာဝန်ခံ)နှင့် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ တာဝန်ခံ)တို့ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗဟိုအတွင်းရေး မှူးများနှင့် အလုပ်အမှုဆောင်များက သက်ဆိုင်ရာ ရေးရာကဏ္ဍများအလိုက် ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို က ရေးရာအလိုက်စုဖွဲ့မှုနှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ၏ နံနက်ပိုင်းအစီအစဉ်ကို နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရပ်နားလိုက် သည်။
ရေးရာအလိုက် ဆွေးနွေးပွဲများ၏ ဒုတိယပိုင်းကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ဌာနချုပ်မှ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ဦးဆောင်လျက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံများက ဆွေးနွေးအကြံပြုကြကာ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ ၆ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ 

ယနေ့ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ ရေးရာ တာဝန်ခံများ အင်အားစုစုပေါင်း ၂၅ဝ တက်ရောက်ကြပြီး ပုဂံ ဒေသရှိ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြင်ဆင်ရန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ လှူဒါန်း သော အလှူငွေကျပ် ၃၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။


Leave a Reply