ရန်ကုန်ဆေးရုံကြီးတွင် သတင်းအချက်အလက်စုံစမ်းရေးဌာန(၃)ခု ဖွင့်လှစ်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသသည့် ပြည်သူများနှင့် သတင်းမီဒီယာများအတွက် ဆေးရုံ၏ သတင်း အချက်အလက်များ သိရှိနိုင်စေရန် သတင်းအချက်အလက်စုံစမ်းရေးဌာန(၃)ခု ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

လက်ရှိရှိနေသည့် သတင်းအချက်အလက်စုံစမ်းရေးဌာနများကလည်း ပြည်သူများ သတင်းအချက်အလက်များ ယခုထက်ပိုမိုသိရှိလာစေရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်လာစေရန်အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာ အေးကိုကိုက ပြောသည်။

ယင်းသို့ သတင်းအချက်အလက်စုံစမ်းရေးဌာနများ တိုးမြှင့်ဖွင့်လှစ်ရခြင်းမှာ ကုသရေးဦးစီးဌာန၏ ရက်တစ်ရာ စီမံကိန်းဆောင်ရွက်ချက်များတွင် ပါဝင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်စုံစမ်းရေးဌာနများ ထပ်မံဖွင့်လှစ်နိုင်ရန်အတွက် ဆေးရုံလူမှုဆက်ဆံရေးမှူးနှင့် လူမှုဆက်ဆံ ရေးအရာရှိ(၈)ဦးကို ခန့်အပ်ထားပြီးဖြစ်သည့်အပြင် ဘွဲ့ရနေ့စား ၀န်ထမ်း(၈)ဦးကိုလည်း ထပ်မံခန့်အပ်သွားရန်ရှိ ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သတင်းအချက်အလက်စုံစမ်းရေးဌာနတွင် အချို့သတင်းများ ရယူနိုင်ပြီး ပုဂ္ဂိုလ်ရေးအရ၊ ကာလဒေသအရ အရေးကြီးသည့် သတင်းအချက်အလက်များကိုမူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြောခွင့်ဆိုခွင့်ရ အုပ်ချုပ်ရေး အဖွဲ့ထံ စုံစမ်းမေးမြန်းရမည်ဖြစ်ကြောင်း ဒေါက်တာအေးကိုကို ကပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သတင်းအချက်အလက်စုံစမ်းရေးဌာနများကို ကုသရေးဦးစီးဌာန၏ ရက်တစ်ရာ စီမံကိန်း အရ ဆေးရုံကြီးအတွင်း နေရာသုံးနေရာ၌  လာမည့် ရက်သတ္တပတ်အတွင်း အကောင်အထည်ဖော် ဖွင့်လှစ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Central News Bureau


Leave a Reply