မျက်နှာပြင်ကျယ်ကျယ်နဲ့ ဘက်ထရီကြီးကြီးပါဝင်ပေမယ့် ဈေးသင့်တင့်တဲ့ Xiaomi Mi Max

Xiaomi-Mi-max-3

ဖုန်းအတွက်ပိုက်ဆံလည်း အရမ်းမကုန်ချင်ဘူး။ စွမ်းဆောင်ရည်ကောင်းပြီး ဈေးသင့်တဲ့ ဖုန်းလေးတစ်လုံး လောက်တော့ လိုချင်မိတယ်ဆိုတဲ့ သူတွေအတွက် Xiaomi Mi Max က စောင့်ကြိုနေပြီဖြစ်ပါတယ်။ မျက်နှာပြင်ကလည်း ၆.၄၄ လက်မ အကျယ်အထိ ရှိတာကြောင့် ဂိမ်းကောင်းကောင်းဆော့ ချင်သူတွေ အတွက်လည်း တန်သလို ဘက်ထရီကလည်း 4850 mAh ပမာဏအထိ ပါဝင်လာတာကြောင့် ဖုန်းအသုံးများ သူတွေအတွက်လည်း အဆင်ပြေ စေမှာဖြစ်ပါတယ်။

Dual Sim အသုံးပြုနိုင်မှာဖြစ်ပြီး 4G LTE အထိ ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့ကျောဘက် ကင်မရာကတော့ 13 MP ရှိပြီး touch focus နည်းပညာကို အခြေခံ ထားပြီး ရှေ့ကင်မရာအနေနဲ့တော့ 5 MP ရှိပါတယ်။ Finger print ဆန်ဆာကတော့ ကျောဘက်မှာပါဝင်လာပြီး သံလိုက်အိမ်မြှောင်တွေလည်း ပါဝင်လာပါတယ်။ မျက်နှာပြင် Resolution အနေနဲ့တော့ 1080×1920 pixels ရှိပြီး 342 ppi pixel သိပ်သည်းမှုရှိပါတယ်။

မျက်နှာပြင်ဖန်သားပြင် ကတော့ Corning Gorilla Glass ကို အသုံးပြုထားပါတယ်။  OS တွေအနေနဲ့တော့ Android v6.0 Marshmallow ဗားရှင်းကို အသုံးပြု ထားပြီး Xiaomi ရဲ့ နောက်ဆုံးထွက် MIUI 8 လည်းပါဝင်လာပါတယ်။  ပရော်ဆက်ဆာတွေ အနေနဲ့တော့ Qualcomm MSM8956 Snapdragon 650 နဲ့ Qualcomm MSM8976 Snapdragon 652 ပရော်ဆက်ဆာတွေကို အသုံးပြုထားပြီး SD Card အနေနဲ့တော့ 200 GB အထိ တိုးချဲ့အသုံးပြုလို့ ရပါတယ်။

 Xiaomi ရဲ့ ကြေငြာသွားချက်အရတော့ Mi Max ဖုန်းကို မော်ဒယ်သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပြီး၊ RAM 3GB နဲ့ storage 32 GB ၊ 1.8 GHz hexa-core Snapdragon 650 ပရိုဆက်ဆာသုံးမော်ဒယ် Mi Max က မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်၊ RAM 3GB ၊ storage 64GB ပါပြီး၊ 1.8GHz octa-core Snapdragon 652 ပရိုဆက်ဆာသုံး မော်ဒယ်က မြန်မာငွေ ၃ သိန်းခန့် ဖြစ်ပြီး၊ RAM 4GB နဲ့ storage 128 GB ပါ၊ Snapdragon 652 ပရိုဆက်ဆာတူ မော်ဒယ်က မြန်မာငွေ သုံးသိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။အရောင်အနေနဲ့တော့ အမည်းရောင် ၊ အဖြူရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။  သင့်အနေနဲ့ Xioami Mi Max မှာပါဝင်လာတဲ့ MIUI 8 အကြောင်းကို သိချင်ရင်တော့ အောက်ပါလင့်ခ်က မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Technology ဝက်ဘ်ဆိုက် Digital Times .com.mm ဝက်ဆိုက်မှာ သွားရောက် လေ့လာနိုင်ပါတယ်။


Leave a Reply