ဖျာပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်/ကျေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ဧပြီလ (၂၅) ရက် မွန်းတည့် ၁၂နာရီတွင် မြို့နယ် ရပ်/ကျေးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ မြို့နယ်ပါတီနာယက ဦးဝင်းမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာ ၇၅ အုပ်စုမှ စည်းရုံးရေးမှူးများ အင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပထမ ဦးစွာ ပါတီနာယကဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ”ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်သွားတာကို စိတ်ဓာတ်ကျစရာမရှိကြောင်း၊ နိုင်တဲ့ကျေးရွာတွေကလည်း ဒီထက်မက ကြိုးစားလိုပါကြောင်း၊ ရှုံးနိမ့်သည့်ရပ်ကွက်/ကျေးရွာများကလည်း စိတ်ဓာတ်ကျစရာ မလိုပါ။ ရှုံးနိမ့်ခဲ့သည့်အကြောင်းရင်းကို အဖြေရှာ၍ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် အားသွန် ခွန်စိုက် ဆက်လက်ကြိုးစားသွားရန်လိုအပ်ကြောင်း၊ ယခုရှုံးနိမ့်သွားသည့်အချိန်တွေမှာလည်း ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို မိမိတို့ရပ်ရွာဒေသခံတွေနဲ့ တစ်သားတည်းနေပြီး တတ်နိုင်သမျှ ဆောင် ရွက်သွားကြပါ” ဟု တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးမိုးအောင်က ”ပါတီအ ဆင့်ဆင့် ပြန်လည်ဖွဲ့စည်းပုံ များနှင့် ရှေ့ဆက်သွားမည့် ပါတီလုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။ အတွင်းရေးမှူးက ”ရပ်/ ကျေး စည်းရုံးရေးမှူးများထဲတွင် ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကြောင့် ပါတီတွင် မလုပ်နိုင်တော့ ဘူးဆိုရင် အမှန်တကယ် ပါတီလုပ်ငန်း လုပ်ဆောင်နိုင်မည့်သူများကို ရွေးချယ်ပေးကြပါ။ ကျွန်တော်တို့ မြို့နယ်ပါတီမှ ပါတီတောင့်တင်းခိုင်မာလာရေးအတွက် မျက်နှာနာမှု၊ အားနာမှုတွေ မထားတော့ပါဘူး။ ကျွန်တော်တို့မြို့နယ်ပါတီဝင်တွေလည်း ပါတီအတွက် လုပ်နိုင်တဲ့သူတွေကို ကိုယ်ကျိုးမကြည့်ဘဲ ပါတီအကျိုးကို ကြည့်ပြီးရွေးချယ်ပေးပါ”ဟု ပြောကြားထားကြောင်း ပြောဆိုခဲ့သည်။
ရပ်ကွက်၊ကျေးရွာ စည်းရုံး ရေးမှူးများကလည်းရှေ့ဆက်သွားမည့် ပါတီ၏လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)


Leave a Reply