မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ​သောက်​သုံး​ရေများ လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသည်​ ​နွေရာသီကာလ ​သောက်​သုံး​ရေရှားပါး​သော ​ကျေးရွာများရှိပြည်သူများ အဆင်ပြေစေရန်အတွက် ​သောက်​သုံး​ရေများ ဖြန့်​​ဝေလှူဒါန်းလျှက်ရှိရာ ယ​နေ့ ​မေ(၁၃)ရက်​​နေ့ နံနက်(၀၈း၃၀)နာရီမှ ညနေ(၀၄း၀၀)နာရီချိန်ထိ ကင်းချောင်းကျေးရွာရှိ မိဘပြည်သူများအား သောက်သုံးရေ ဂါလံ(၆၆၀၀)လှူဒါန်းကုသိုလ်ပြုခဲ့သည်။

အဆိုပါ သောက်သုံးရေလှူဒါန်းရာသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ကော်မတီဝင် ဦးသန်းစိုးအောင်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်နှင့် အတွင်းရေးမှူး ဦးအောင်သက်တင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ပူးပေါင်းကာ လှူဒါန်းခဲ့ကြသည်။

#naylinnhtun