ချွေးပေါက်ကျယ်ခြင်းအတွက် သဘာဝကုထုံးများ ..!

နည်းလမ်း ၁ ကတော့ ကြက်ဥအနှစ်၊ ဗီနီဂါ ရှာလကာရည် သို့ သံပုရာရည်တို့ ရောစပ်ထားတဲ့ Mayonnaise သုံးစွဲတာပါ။ Mayonnaise ထဲကိုကြိုက်ရာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေ (ဥပမာ-ပျားရည်လို)လဲ ထပ်ထည့် လို့ရပါတယ်။ အဲဒီ Mayonnaise အနှစ်ရည်ကို မျက်နှာပေါ် လိမ်းပေးတာပါပဲ။ ရေမချိုးခင် Mayonnaise စတီးဇွန်း တစ်ဇွန်းစာလောက်လိမ်းပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ရေချိုးခါနီးတိုင်း မငြီးမငွေ့ လုပ်ကြည့် ရမှာပေါ့နော်။ ဒီနေ့နက်ဖြန် မသိသာသလိုနဲ့ တဖြည်းဖြည်း ချွေးပေါက်တွေ ကျဉ်းလာမှာပါတဲ့။ အရမ်း အဆီပြန်တဲ့သူတွေအတွက်တော့ သိပ်မထိရောက်ဘူးလို့လဲ ပြောထားပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်၊ သံပုရာသီး၊ ပန်းသီး၊ ဒိန်ချဉ်တွေရောစပ်ပြီး မျက်နှာဖုံးကပ်သလို လုပ်ရမယ့် နည်းပါ။ ဒီနည်းကတော့ ညအိပ်ရာဝင်ချိန်လုပ်ရင် ပိုကောင်းပါတယ်တဲ့။ ပန်းသီးစိပ် ၁ စိပ်၊ ဒိန်ချဉ် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ သံပုရာရည် ၁ ဇွန်းစာ လိုပါတယ်။ အဲဒါတွေအားလုံး ရောသမမွှေလိုက်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြာလောက်ထိ လိမ်းထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပေါ့လေ။ ဒီနည်းကလဲ မျက်နှာအသားရေကို ပိုပြီးလဲ ချောမွေ့စေပါတယ်တဲ့။

နောက်ထပ်အလွယ်နည်းတစ်ခုလဲ ပြောပြဦးမယ်နော်။ အဲဒါကတော့ သံပုရာသီးပဲ ရှာထားဖို့လိုမယ်။ သံပုရာ ရည်ညှစ်၊ ရေနဲနဲတော့ ရောလိုက်ဦး။ အဲဒီအရည်လေးကို ဂွမ်းစလေးနဲ့ မျက်နှာပေါ် လိုက်သုတ်ပေးရမှာပါ။ နာရီဝက်လောက်တော့ စိတ်ရှည်ရှည်ထား စောင့်ပါနော်။ မျက်စိထဲဝင်ရင် စပ်မှာစိုးလို့ သတိထားပြီး လိမ်းဦး။ အချိန်စေ့ရင်တော့ ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ဒါပဲ။ လွယ်တယ်နော်။

ခွက်ကလေးတစ်ခုထဲ ကိုယ်သုံးနေကျ facial cream ထဲကို သံပုရာရည် နဲနဲညှစ်ထည့်ပြီး ရောမွှေလိုက်ပါ။ မျက်နှာပေါ် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် လိမ်းထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး လိမ်းထား တာတွေ ဆေးချလိုက်တာကလဲ နောက်ထပ်တစ်နည်းပေါ့။ သင်္ဘောသီးကလဲ ချွေးပေါက်ကျယ်တာ သက်သာ စေတဲ့ အစွမ်းရှိပါတယ်။ မျက်နှာအရင်သစ်လိုက်။ ပြီးရင် သဘောသီးခွံအတွင်းဖက်ပိုင်းနဲ့ မျက်နှာကို လိုက် ပွတ်ပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီး ရေခပ်နွေးနွေးနဲ့ မျက်နှာပြန်သစ်ချလိုက်ပါ။ ဒီနည်းက ၀က်ခြံတွေ မျက်နှာမှာ ပေါက်နေရင်လဲ သက်သာစေနိုင်ပါတယ်တဲ့။

သခွားသီး+ ပန်းသီး+ ကြက်ဥ+နို့မှုန့်တို့နဲ့ မျက်နှာဖုံးလုပ်ပြီး လိမ်းတဲ့နည်းလဲ ရှိပါသေးတယ်။ ကြက်ဥ တစ်လုံး ကို နို့မှုန့် ၁ ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေ၊ အဲဒီထဲကို လှီးထားစိပ်ထားတဲ့ သခွားသီးစိပ်။ ပန်းသီးစိပ်လဲ ထပ်ထည့် မွှေ။ အနှစ်ရသွားပြီဆိုရင် မျက်နှာပေါ် ၁၅ မိနစ်လောက်လိမ်းထား။ ပေါင်းတင်လိုက်သလိုပေါ့။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ခွာလိုက်ပါတဲ့။ ကဲလွယ်တယ်မလား။ ချွေးပေါက်ကျဉ်းပြီး ချောမွေ့တဲ့ မျက်နှာ လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ Credit: မိုးသိမ့်သိမ့်ဝေ(ချင်းမိုင်)