ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်မိ ရပ်ဖများတွေ့ဆုံ

 

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီ က ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ဖျာပုံ မြို့နယ် ပင်လယ်ဘက်ခြမ်းရှိ အမာ မြို့နယ်ခွဲ နောက်မီး၊ အရှေ့ဖျား၊ ဆိပ်မ၊ ကျောင်းကုန်း၊ ဘဝသစ်၊ ကြက်ဖမွေးဇောင်းကျေးရွာများရှိရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံး ရေးမှူးများအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှု ဆောင်ဦးစိုးနိုင်က ပါတီဝင်အင်အား အစစ် အမှန်ရရှိရေးဆောင်ရွက်ရန်နှင့် ပါတီကတ် ပြားများထုတ်ပေးရေး၊ ရပ်/ကျေးအဖွဲ့ဝင် များ ခိုင်မာအောင် ဖွဲ့စည်းဆောင်ရွက်ရေး ပါတီအောင်နိုင်ရေးလုပ်ငန်းအစီအစဉ်များအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့် ပါတီအတွင်း စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားရန်တို့အား ရှင်းလင်းမှာ ကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ဒေါက်တာ မြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ တွင် တွေ့ဆုံပွဲအား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဒေးဒရဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မြို့နယ်ပါတီကော် မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံးရေးမှူးများအား တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်က ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရန် နှင့် ပါတီအောင်နိုင်ရေးအတွက် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြား သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ဒေါက်တာ မြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တွင် တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

P.T.O