ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပြည်သူလူထုနှင့်ကွင်းဆင်းထိတွေ့

ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာများအရောက်ကွင်းဆင်း၍ ပြည်သူလူထုနှင့်ထိတွေ့ဆောင်ရွက် လျက်ရှိရာ (၂၆-၁၁-၂၀၂၂)ရက်နေ့ (၁၀)နာရီမှ (၁၁:၃၀)အချိန်ထိ ပြင်ဦးလွင်မြို့နယ်သပြေကုန်း ကျေးရွာအုပ်စု၊ တောင်ကြီးကျေးရွာမှဒေါ်နှင်းဆီ၏နေအိမ်တွင်လည်းကောင်း၊နေ့လည် ၁ နာရီမှ ၂:၃၀ အချိန်ထိ ပင်လိန်အလယ် ကျေးရွာမှ ဦးပေါက်ကျော်နေအိမ်တွင် လည်းကောင်း ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌဦးဟိန်းမင်းဦး၊ အတွင်းရေးမှုး ဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ ၊ပြင်ဦးလွင်မြို့နယ်ဥက္ကဌဦးဝင်းဇော်၊ အတွင်းရေးမှုးဦးသိန်းဆွေနှင့်ကော်မတီဝင် များက ဒေသခံပြည်သူများ၊ ပါတီဝင်များ၊လူငယ်/အမျိုးသမီးအဖွဲ့ဝင်များနှင့် ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။