ကန်ကြီးထောင့်တွင် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးကန် ကြီးထောင့်မြို့နယ်ကွမ်းသီးပင်ဆိပ် ကျေးရွာအုပ်စု ကွမ်းသီးပင်ဆိပ် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ခေါင်းဆောင်ဦးဝေဇော်လင်း ၏နေအိမ်ရှေ့တွင်ပါတီနှစ်စဉ်ကြေး ငွေစုပေါင်းပေးအပ်ပွဲကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် ကြသည့် ကွမ်းသီးပင်ဆိပ်ကျေးရွာ မှ ပါတီဝင် ၁၉ဝဝ က ပါတီနှစ်စဉ် ကြေးငွေစုစုပေါင်း ကျပ် ၁၉ဝဝဝဝ ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ဒေါ်ခင်စောမူတက် ရောက်ပြီး ကျေးရွာပါတီခေါင်း ဆောင်ဦးဝေဇော်လင်းက ပါတီ နှစ်စဉ်ကြေးပေးအပ်ရာ ဗဟိုကော် မတီဝင်ဒေါ်ခင်စောမူကလက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။ အခမ်းအနားသို့ ပါတီ ဗဟိုကော်မတီဝင်ဒေါ်ခင်စောမူ၊ ကန်ကြီးထောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦသက်နိုင်ဝင်းနှင့်ရပ်/ကျေးပါတီဝင် များစုံညီစွာ တက်ရောက်ကြသည်။
အလားတူ ကျောင်းကုန်းမြို့ နယ်တွင်လည်းပါတီဝင်ကြေးပေး အပ်ပွဲကို ယခုလအတွင်းပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်