ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ယင်းမာပင် ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ကန်ချောင်အုပ်စု အောင်မိုးရွာ ဦးဌေးအောင်နေအိမ်ခြံဝင်းအတွင်း ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ပါတီဆိုင်းဘုတ်ကို အမွှေး နံ့သာရည်များပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။အဆိုပါအခမ်းအနားသို့ ခရိုင်ကော်မတီဝင်ဦးညွှန့်၊ ဒေါ်ခင် နှင်းမာ၊မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် မြင့်သိန်း၊အတွင်းရေးမှူးဦးသန်းနိုင် နှင့်ပါတီကော်မတီဝင်များရပ်ကျေး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များ တက် ရောက်ခဲ့သည်။ အခမ်းအနားသို့ အင်အား ၃ဝ တက်ရောက်ခဲ့သည်။

အောင်ကျော်(ယင်းမာမြေ)