ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒဿနိကဗေဒပထမနှစ် မသန်စွမ်းကျောင်းသူ နော်ထားခူအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်၌ လွိုင်ကော်တက္ကသိုလ် ဒဿနိက ဗေဒ ပထမနှစ်တွင် ပညာသင်ကြားလျက်ရှိသော မသန်စွမ်းကျောင်းသူ နော်ထားခူအားတက္ကသိုလ်ပညာသင်စရိတ် ငွေကျပ် ၁ဝသိန်းကိုထောက်ပံ့ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။
နော်ထားခူသည် ဘယ်၊ညာ လက်နှစ်ဖက်စလုံးမပါရှိသော်လည်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် ခဲ့ပြီး ယခုအခါ လွိုင်ကော်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားလျက် ရှိရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပညာသင်ထောက်ပံ့စရိတ် အဖြစ် ငွေကျပ် ၁ဝ သိန်းကို သူမတည်းခိုရာဟိုတယ်သို့သွားရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။ နော်ထားခူမှာ လွိုင်ကော်မြို့နေ တပ်ကြပ် စောသာဒေါနှင့် နော်ဖောခူ တို့၏သမီးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှမ ငါးဦးအနက်အငယ်ဆုံးဖြစ်ကြောင်းသိရသည်။
ထောက်ပံ့ငွေပေးအပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။