ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၃) ရက်နေ့ နံနက် (၈) နာရီ အချိန်က လောကထိပ်ပန် ဆုတောင်းပြည့် ဘုရား ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးသန်းထွန်း (အဖွဲ့ခေါင်းဆောင်) နှင့် အဖွဲ့ဝင် (၃)ဦး နှင့် မြို့မိမြို့ဖ ဦးသာစိန်မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးအစီအစဉ်အရ အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းမှုတွင် မြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်မောင်သိန်းက (၄၇) မဲဖြင့်လည်းကောင်း၊ အတွင်း ရေးမှူးအဖြစ် ဦးစောလှမောင် က (၃၂) မဲဖြင့် လည်းကောင်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်အေးအေး က (၂၈) မဲဖြင့် လည်းကောင်း အသီးသီးရရှိခဲ့ပြီး မြို့နယ် ပါတီကော်မတီဝင် (၁၂)ဦးနှင့် အရန် ကော်မတီဝင် (၁၅) ဦးတို့ကိုလည်း ရွေးချယ် တင်မြှောက်ခဲ့ကြသည်။

ထို့နောက် သဘာပတိ ဦးသာစိန်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် (၂) နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

One Direction


Leave a Reply