” Miss Universe Myanmar 2018 ” အလှမယ်ပြိုင်ပွဲ အတွက် မြို့ကြီး ၃ဝ မှ ပြိုင်ပွဲဝင် အလှမယ်များ ရွေးချယ်မည်

Miss Universe Myanmar 2018 အလှမယ်ပြိုင်ပွဲအတွက် မြို့ ကြီး ၃ဝ မှ ကိုယ်စားပြုအလှမယ် ပြိုင်ပွဲဝင် များအားရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များတွင် Miss Universe Myanmar အလှမယ်ပြိုင်ပွဲများအတွက် မြို့ ၂ဝ နီးပါးမှ ကိုယ်စားပြု အလှမယ်များကိုသာ ရွေးချယ်ခဲ့ သော်လည်း ယခုနှစ်တွင်မူ ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့သော မြို့များမှ ကိုယ်စားပြုအလှမယ်များကိုပါ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်းသိရသည်။ Miss Universe Myanmar အလှမယ်ပြိုင်ပွဲကြီးသည် တစ်နှစ် ကြိုတင်ရွေးချယ်သော ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်းသိရသည်။

Miss Universe Myanmar 2018 အလှမယ်ပြိုင်ပွဲအတွက် ရွေးချယ်မည့် မြို့ကြီး ၃ဝမှာ မင်းဘူး၊ ပြင်ဦးလွင်၊ မိုးညှင်း၊ မြဝတီ၊ စစ်ကိုင်း၊ ဖားကန့်၊ ကလေး၊ ကျောက်ဆည်၊ ဘားအံ၊ မကွေး၊ မိတ္ထီလာ၊ ပုဂံ၊ ရန်ကုန် အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရန်ကုန်မြောက်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ မန္တလေး၊ မိုးကုတ်၊ နေပြည်တော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ထားဝယ်၊ မုံရွာ၊ မြိတ်၊ တောင်ငူ၊ တာချီလိတ်၊ လွိုင်ကော်၊ ပဲခူး(သို့မဟုတ်)ပြည်တို့တွင် ရွေးချယ် မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း မြို့ ၃ဝ ထဲတွင် ဧပြီလအတွင်း မြို့နယ်ကိုယ်စားပြုအလှမယ်များအဖြစ် မြို့ ၁၁ မြို့တွင် ရွေးချယ် မှုများ ပြုလုပ်ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar ရွေးချယ်ပွဲများကို ၂ဝ၁၃ ခုနှစ်မှစတင်ကာ နိုင်ငံကိုယ်စားပြုအနေဖြင့် Miss Universe Myanmar 2013 အလှ မယ်မိုးစက်ဝိုင်၊  Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၊ Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်၊ Miss Universe 2016 အလှမယ် ထက်ထက်ထွန်းတို့ကို ရွေးချယ်စေလွှတ် ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်ပြုလုပ်မည့်  Miss Universe 2017 အလှမယ်ပြိုင်ပွဲအတွက်ကိုမူ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့်  Miss Universe Myanmar 2017 Winner ဆုရှင် ဇွန်သံစဉ် မှ သွားရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။   # theyangontimes.com