Weibo ရုပ်ရှင်ဆုရရှိခဲ့တဲ့ သရုပ်ဆောင် လီမင်းဟို

တောင်ကိုရီးယား သရုပ်ဆောင် လီမင်းဟိုသည် လူမှုကွန်ရက် မီဒီယာ Weibo က ကျင်းပသည့် ရုပ်ရှင်ဆုပေးပွဲတစ်တွင် အာရှရုပ်ရှင်လုပ်ငန်း၌ အလွှမ်းမိုးနိုင်ဆုံး ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သူ၏ အေဂျင်စီက ဇွန် (၁၅) တွင် ပြောကြားသည်။ ဇွန် ၁၃ ညတွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် Weibo ရုပ်ရှင်ဆုပေးပွဲတွင် အာရှရုပ်ရှင် ဦးဆောင်လမ်းပြသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

Le Min Ho

ဆုရရှိသူများကို Weibo သုံးစွဲသူ ရုပ်ရှင်ပရိသတ် အယောက်တစ်ရာခန့်၏ အွန်လိုင်းမှပေးခဲ့သည့် မဲများကို အခြေခံရေတွက်ပြီး ရွေးချယ်ခြင်းဖြစ်သည်။ လီ သည် ၂၀၀၉ ခုနှစ်တွင် “Boys Over Flowers” ဇာတ်လမ်းတွဲဖြင့် နာမည်ရရှိလာသူဖြစ်ပြီး “City Hunter” နှင့် “The Heirs” ဇာတ်လမ်းတွဲ များနှင့် ရုပ်ရှင်အချို့တွင် ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူ၏ Weibo အကောင့်တွင် Follower ပြုလုပ်သူ ၂၈၈၃ ဦးရှိသည်။

မကြာသေးမီကပင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းရိုက်ကူးထုတ်လုပ်ပြီး ဇူလိုင် ၁ တွင် စတင်ပြသမည့် “Bounty Hunters” ရုပ်ရှင်တွင် ပါဝင်ရိုက်ကူးထားသည်။ တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားသည့် ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂျွန်းဂျီယောင်းနှင့် အတူ “Legend of the Blue Sea” ဇာတ်လမ်းတွဲတွင် ပါဝင်ရန် စီစဉ်ထားသူဖြစ်သည်။

Democracytoday


Leave a Reply