မေထုန်ရာသီဖွား တစ်ရက်စာရုံတင်ပြသငွေကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ဟောလိဝုဒ်တွင် ပထမဆုံး ရုံတင်ပြသခွင့်ရသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သော မေထုန်ရာသီဖွားဇာတ် ကား၏ တစ်ရက်စာ ရုံတင်ပြသရသည့် ၀င်ငွေအားလုံးကို မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

14011865_1076003542447515_838429567_n

‘‘ကျွန်တော်ရိုက်ကူးခဲ့သော မေထုန်ရာသီဖွားဇာတ်ကားသည် စက်တင်ဘာ ၉ ရက်နေ့တွင် New York နှင့် LA နိုင်ငံများ၌ ရုံတင်ပြသတော့မည်ဖြစ်ပါသည်။ ၎င်းဇာတ်ကား Hollywood ၌ ရုံတင်ပြသသော တစ်ရက်စာဝင်ငွေ အားလုံးကို မြန်မာနိုင်ငံမှ ရေဘေးသင့်မိဘပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ပါသည်’’ ဟု ဒါရိုက် တာ ညိုမင်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းဇာတ်ကားမှာ လိင်တူချင်း ချစ်ကြိုက်သည့်အကြောင်းအရာကို အခြေခံရိုက်ကူးထားပြီး ဥက္ကာမင်းမောင်၊ ချမ်းငြိမ်းကျော် နှင့် အေးမြတ်သူတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

# 7 Day


Leave a Reply