ကျောင်းဖွင့်ရာသီတွင် ဗလာစာအုပ်များ ပေးအပ်လှူဒါန်း

 

ဟိုပန်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီက ကျောင်းသုံးဗလာစာအုပ်​​ ပေးအပ်​ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၃၀) အချိန်က မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်​ ပါသည်။

ကျောင်းသုံး ဗလာစာအုပ်များကို ဟိုပန်မြို့နယ်ရှိ ရပ်/ကျေးပါတီ ကော်မတီ ကျောင်းသားမိဘများနှင့် ပါတီဝင် များကို တစ်ဦးလျှင် (၂) ဒါဇင်နှုန်း ထောက်ပံ့လှူဒါန်းကြောင်း သိရှိရသည်။

ရှမ်းအရှေ့ ပြည်ခိုင်ဖြိုးပါတီမှ တောင်သူလယ်သမားများအား ကူညီထာက်ပံ့

 

ဇွန်လ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းတွင် အမှတ် (၄) ရပ်ကွက်၌ မြို့ပေါ်ရပ်ကွက်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌက ယနေ့နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးစီးပွားရေး လူမှုရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေး ကိစ္စများကို ဆွေးဆွေး၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူးက တောင်သူလယ်သမား ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ကြပါသည်။ ယင်းနောက် တောင်သူလယ်သမားများ လယ်ရေရရှိရေးအတွက် ဆည်ပြုပြင်ရန်နှင့် မြောင်းဆည်ရာတွင် လိုအပ်သောသစ် ဝါးများ ဝယ်ယူရေးအတွက် အဖွဲ့ခေါင်းဆောင်ထံ ရန်ပုံငွေ တစ်သိန်းကျပ် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပဲခူးမြို့နယ်ရှိ ပါတီဝင်များ၊ နိုင်ငံရေးပါတီများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ပဲခူးမြို့နယ်ပါတီရုံး ခန်းမ၌ ပဲခူးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနိုင်း အစည်းအဝေးကျင်းပ

 

မဘိမ်း မေ ၁၃

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၁၀ နာရီအချိန်က မြို့နယ်ရုံးတွင် ကျင်းသည်။

အစည်းအဝေးတွင် မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ ပါတီအကြံပေးများ နာယကများ ရပ်ကျေးပါတီ ဥက္ကဌများ အမျိုးသမီးရေးရာများ လူငယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ခရိုင်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ဥက္ကဌတို့က ပါတီရှေ့လုပ်ငန်းစဉ်များ အမျိုးသမီးရေးရာ လူငယ်ရေးရာများ အသစ်ဖွဲ့စည်းရေး စည်းရုံးလှုပ်ရှားရေး ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။USDP Shan – North

လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

လားရှိုး၊ မေ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် လူထုစကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ဆုံကွယ်ကျေးရွာ ဓမ္မာရုံ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့ရာ လျှစ်စစ်မီးပြတ် တောက်မှု၊ စားဝတ်နေရေး ကြပ်တည်းမှု၊ ပညာသင်ကြားရေးတွင် ဆရာဆရာမ မလုံလောက်မှု အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများအား ဒေသခံလူငယ်များက မေးမြန်းဆွေးနွေး ခဲ့ကြသည်။

လွိုင်လင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဆိုင်းဘုတ်အသစ်တင်

 

လွိုင်လင် ဧပြီ ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပါတီဆိုင်းဘုတ်အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ၊ လွိုင်လင်ခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လွိုင်လင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ကျေးရွာကော်မတီဝင်များ တက်ရောက်ကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့်ပါတီဆိုင်းဘုတ် အသစ်အားဖွင့်လှစ်ကြပြီး အမွှေးနံ့သာရည်များ အောင်သပြေများ ဖြင့်ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်အသစ်ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လားရှိုး ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ ၂ဝ၁၉-ခုနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့တွင်လားရှိုး မြို့ရှိပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးအောင်သူ၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်း ခမ်းကော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးရေးရာ တာဝန်ခံဒေါ်နန်းကိန်ဖောင်းတစ်ပ် နှင့်ပြည်နယ်ပါတီကော်မတီဝင်များ၊ ခြောက်ခရိုင် ၁၉ မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်းရေးမှူး များနှင့်မြို့နယ်လူငယ်တာဝန်ခံများ၊ မြို့နယ်မီဒီယာတာဝန်ခံများ တက် ရောက်ခဲ့ကြသည်။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအ စည်းအဝေးကျင်းပ

 

ဧပြီလ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်/မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ၊ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးဦးဟန်ဦးနှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဌဦးစိုင်းရွှေထွန်း၊ အတွင်းရေးမှူးဦးအောင်နိုင် နှင့် ကော်မတီဝင်များ၊ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များဖြင့် ယမန်နေ့ (၁.၄.၂၀၁၉)ေ န့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေဆုံခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည် ။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

ဒေသခံပြည်သူများဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

 

မတ်လ ၃၁

၃၁-၃-၂၀၁၉ ရက်နေ့၊နံနက် (၁၀)နာရီအချိန် တွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ဥက္ကဋ္ဌဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုင်းရွှေထွန်းတို့သည် ခရိုင်ကော်မတီဝင် ဦးကျဒေါလော် (မိုင်းကိုးအုပ်စု၊ စည်းရုံးရေးတာဝန်ခံ)၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ ဦးနန္ဒာ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊ ရုမ်းတိုင်းရင်းသားတာဝန်ခံ)၊ ဦးကျအီ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊လားဟူတိုင်းရင်းသားတာဝန်ခံ)၊ ဒေါ်ဘူးဘို(မိုင်းကိုးအုပ်စုပါတီဥက္ကဋ္ဌ၊အာခါတိုင်းရင်းသားတာဝန်ခံ)တို့နှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဆန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာသူကြီးချုပ်ဦးဂျော်နီ၊ လက်ထောက်သူကြီးဦးစပါ့နှင့် ရွာသူ/ရွာသား(၁၀၀)ဦးတို့ဖြင့် ကျေးရွာခန်းမတွင် နေ့လည်(၁၁း၃၀)မှ (၁၃း၀၀)အထိ ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လုပ်ငန်းစဉ်များဆောင်ရွက်

 

လားရှိုး မတ် ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတင့်လှိုင်မြင့်သည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ပြည်နယ်၊ လားရှိုးခရိုင်၊ကွမ်းလုံခရိုင်၊လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူ၊ ကွမ်းလုံ၊ ဟိုပန်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ၊ ရုံးအဖွဲ့တို့နှင့် တွေ့ဆုံပြီး လုပ်ငန်းစဉ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။