ကျောင်းဖွင့်ရာသီတွင် ဗလာစာအုပ်များ ပေးအပ်လှူဒါန်း

 

ဟိုပန်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီက ကျောင်းသုံးဗလာစာအုပ်​​ ပေးအပ်​ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၃၀) အချိန်က မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်​ ပါသည်။

ကျောင်းသုံး ဗလာစာအုပ်များကို ဟိုပန်မြို့နယ်ရှိ ရပ်/ကျေးပါတီ ကော်မတီ ကျောင်းသားမိဘများနှင့် ပါတီဝင် များကို တစ်ဦးလျှင် (၂) ဒါဇင်နှုန်း ထောက်ပံ့လှူဒါန်းကြောင်း သိရှိရသည်။