စလင်း မတ် ၁၂
မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပုံမှန် လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်။
စလင်း မတ် ၁၂
မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပုံမှန် လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်။
မကွေး မတ် ၁၂
မကွေးတိုင်းဒေသကြီး စလင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီဝင်များ မိတ်ဖက်အဖွဲ့အစည်းများ၊ လေ့လာသူများ နိုင်ငံတော် အလံကိုအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခြင်းများ ပြုလုပ်သည်။
ရေနံချောင်း မတ် ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာသိကောင်း စရာများရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေနံချောင်းမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ရှေးဦးစွာ နိုင်ငံတော်သီချင်း သီဆိုပြီး အခမ်းအနားအစီအစဉ်အရ ရေနံချောင်း မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဝင်းကမြို့နယ်ဆိုင်ရာစည်းရုံးရေး ဆောင် ရွက်ချက်များကိုလည်းကောင်း၊ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့သည်။
ရေနံချောင်း မတ် ၎
ရေနံချောင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ စည်းရုံးရေးမွမ်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ပါတီအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် နိုင်ဝင်းက အမှာစကားပြောကြား ပြီး အတွင်းရေးမှူး ဦးဝင်းတင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ပြောကြားသည်။
နတ်မောက် မတ် ၎
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ နတ်မောက်မြို့နယ်၌ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာတွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့ကြောင်းသိရသည်။အခမ်းအနားများကို နိုင်ငံတော် အလံအလေးပြုပြီးနိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်မကွေး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေးက ပါတီရှေ့လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မကွေးတိုင်းဒေသကြီးပါတီ ကော် မတီဝင်ဦးစောဝင်းမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများအသေး စိတ် ရှင်းလင်းပြောကြားခဲ့သည်။
မြို့သစ် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး မွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာ ရှင်း
လင်းဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဂန့်ဂေါ ဖေဖော်ဝါရီ ၂၇
ထီးလင်း ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမောင်မောင်ဌေးနှင့် ဦးလှဆွေတို့သည် မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ထီးလင်းမြို့တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောမြို့တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ထီးလင်းမြို့နယ်တွင်လည်းကောင်း ရှင်းလင်းရာ ထိုမြို့နယ်များမှ ပါတီဝင်များနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူးနှင့်အဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းရှင်းလင်းပွဲများတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပဏာမရှင်းလင်းပြောကြားခဲ့ပါသည်။
စလင်း ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာတွင် ယမန်နေ့ က စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ကော်မတီဝင်များ သည် ကျေးရွာများသို့သွားရောက် ကာ ပါတီအောင်နိုင်ရေးနှင့် ပါတီ ၏မူဝါဒများကို ရှင်းလင်းဆွေးနွေး သည်။