ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာ တွေ့ဆုံဆွေးနွေးပွဲကိုနတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

နတ်မောက် မတ် ၎

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ နတ်မောက်မြို့နယ်၌ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာတွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့ကြောင်းသိရသည်။အခမ်းအနားများကို နိုင်ငံတော် အလံအလေးပြုပြီးနိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်မကွေး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေးက ပါတီရှေ့လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မကွေးတိုင်းဒေသကြီးပါတီ ကော် မတီဝင်ဦးစောဝင်းမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများအသေး စိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မကွေးခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်က ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ဝင်များနှင့်အတူ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များအားလုံးတို့သည် မိမိဒေသ ပြည်သူအများနှင့်ထိတွေ့မှုများရရှိစေဖို့ ဒေသခံများ ရှိရာကိုသွားရောက်ပေးပါရန်၊ဒေသခံများရဲ့ အခက် အခဲများကိုလည်းမိမိတို့တတ်စွမ်းနိုင်သမျှ ကူညီပေး ပါရန်၊လိုအပ်ပါက မိမိတို့ကတစ်ဆင့် သက်ဆိုင်ရာ များအဆင့်ဆင့်တင်ပြပြီး ကူညီဆောင်ရွက်ပေးရန် စသည်တို့ ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးပါတီ ကော်မတီဝင် စည်းရုံးရေးတာဝန်ခံဦးဟန်မောင် က”လက်ရှိနိုင်ငံရေးအခြေအနေနှင့်အတူပြီး ခဲ့ သည် ၂ဝ၁၅ မတိုင်မီကာလ ပါတီစည်းရုံးရေးနှင့် ပါတီအနိုင်ရရှိရေးကို ပါတီအများအားလုံးအနိုင် ရရှိရေးလုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက ပါတီအောင်နိုင်ရေးလုပ်ခဲ့တာ မှာ တရားမျှတတဲ့နည်းလမ်းတွေနဲ့သာ လုပ်ဆောင် ခဲ့ပါတယ်။ ”ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးမှာ လည်း ပြည်သူတွေက ပါတီကော လူပါကြည့်ပြီး ရွေးကြပါ။ ဒီလိုပြည်သူတွေက အရွေးမှန်မှသာ လျှင် ၂ဝ၂ဝ အလွန်မှာ အစိုးရကောင်းတစ်ရပ်ပေါ် ထွန်းလာမှာဆိုတာ ဒီကနေ့အစည်းအဝေးတက် ရောက်လာကြတဲ့ခင်ဗျားတို့ ကျွန်တော်တို့က ပြည်သူလူထုနားလည်သဘောပေါက်အောင် လုပ် ဆောင်ကြပါလို့ပြောချင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဆိုတာအားလုံးပြည့်စုံပြီးသားပါ။ လူကိုကြည့် မလား၊ပါတီရဲ့မူဝါဒကြည့်မလား၊ နိုင်ငံရေး အတွေ့ အကြုံရှိပြီးသားပါ။ အောက်ခြေကခင်ဗျားတို့ကို ပြည်သူတွေက လေးစားနေဖို့လိုတယ်”ဟု ပြော ကြားခဲ့သည်။

တက်ရောက်လာသည့်ပါတီကော်မတီဝင်များ ကပြန်လည်ဆွေးနွေးသည်များကို ပါတီဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးကရှင်းလင်းပြောကြားခဲ့ ရာတွင်ဒီကနေ့လူတွေ စိတ်ဝင်တစားဖြစ်လာအောင် ဖန်တီးသူတွေရှိခဲ့လို့ ၂ဝဝ၈ ခြေဥပြင်ဆင်ရေးနှင့် ပတ်သက်သည်များကိုပြည်ခိုင်ဖြိုးပါတီမှမပြင်ရပါ ဆိုတာမဟုတ်မမှန်ကြောင်း၊ ဥပဒေဆိုတာ အချိန် တန်ရင်သူ့အစီအစဉ်တိုင်းစနစ်တကျ ၂ဝဝ၈ခြေဥ အရ စည်းနဲ့ကမ်းနဲ့သာပြင်ရမှာဖြစ်ပါကြောင်း၊ အသေးစိတ်ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးတွေ့ဆုံ ဆွေးနွေးပွဲကို အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်များမှပါတီဥက္ကဋ္ဌများ၊အတွင်းရေး မှူးများ၊ ခရိုင်/မြို့နယ်များမှပါတီကော် မတီဝင် များနှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊ ကော် မတီဝင်များ၊ပါတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်)