ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပသော စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အစုအဖွဲ့ခေါင်းဆောင်များမှ မိမိတို့တာဝန်ယူထားသည့် စာတမ်းခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကာ လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan မှ လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms.Vanessa Chan က ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နေပြည်တော်ပါတီဌာနချုပ် သင်တန်းခန်းမ ဆောင်၌ ကျင်းပသော Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် ၉ နာရီတွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်း

 

နေပြည်တော် မတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လတ်တလောဖြစ်ပေါ်နေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနပေါင်း ၂၆ ခုမှ မီဒီယာသမား ၆ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်ပြည်တွင်းပြည်ပသတင်းဌာနများက မြန်မာနိုင်ငံ၌ ဘင်္ဂါလီများပြန်လည်လက်ခံမှုအပေါ် ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်လာသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်တွင် ငြိမ်းစုစီဥပဒေအတည်ပြုသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပါတီ၏သဘောထားအမြင်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတအား တွေ့ဆုံခွင့်တောင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း စသည်အားဖြင့် မေးခွန်းများအသီးသီးမေးမြန်းခဲ့ကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

 

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရားတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၅ -၂-၂၀၁၈ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ် ၊ ဌာနချုပ်မှူး နှင့် ဌာနမှူးများ ၊ ပါတီဝင်များ တက်ရောက်လှူဒါန်းခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ သွေးလှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင် ဦးဆောင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဝန်ထမ်းများနှင့်အတူ နေပြည်တော် ကုတင် ၁၀၀၀
ဆေးရုံကြီးတွင်အရေးပေါ်သွေးလိုအပ်နေသော လူနာများအား စုပေါင်း၍ သွေးလှူဒါန်းခဲ့သည်။


နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအား 1-2-2018 ရက်နေ့ နံနက် 10:30နာရီ       အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်   ကော်မတီဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်း       ဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃)တွင် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃)အား ယနေ့ မွန်းလွဲ ၃နာရီတွင် ဆက်လက်ပို့ချလျက်ရှိရာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းက ‘Human Right And Human Security’ ခေါင်းစဉ်ဖြင့် သင်ခန်း စာများကိုပို့ချခဲ့ကြောင်း သိရသည်။

ရဲဝင်း(နေပြည်တော်)


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ထမနဲ ထိုးပွဲ ကျင်းပ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ထမနဲ ထိုးပွဲ ကိုယနေ့နံနက် ၈နာရီ၃၀မိနစ်တွင်ပါတီဌာနချုပ်၌ကျင်းပရာ ပါတီဥက္ကဌ ဦးသန်းဌေး၊ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း၊အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတက်ရောက်အားပေးခဲ့ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၁၈)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၈)အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပါတီဌာနချုပ် အစည်းအဝေး    ခန်းမ (၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒု- ဥက္ကဋ္ဌများကလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကော်မတီတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ပါတီ လူငယ်ညီလာခံကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။