Weibo ရုပ်ရှင်ဆုရရှိခဲ့တဲ့ သရုပ်ဆောင် လီမင်းဟို

တောင်ကိုရီးယား သရုပ်ဆောင် လီမင်းဟိုသည် လူမှုကွန်ရက် မီဒီယာ Weibo က ကျင်းပသည့် ရုပ်ရှင်ဆုပေးပွဲတစ်တွင် အာရှရုပ်ရှင်လုပ်ငန်း၌ အလွှမ်းမိုးနိုင်ဆုံး ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သူ၏ အေဂျင်စီက ဇွန် (၁၅) တွင် ပြောကြားသည်။ ဇွန် ၁၃ ညတွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် Weibo ရုပ်ရှင်ဆုပေးပွဲတွင် အာရှရုပ်ရှင် ဦးဆောင်လမ်းပြသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

Le Min Ho

(more…)


အော်လန်ဒိုမြို့ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အဆိုတော်ခရစ္စတီးနားဂရင်မီ သေဆုံး

အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကန်ဒေါ်လာတစ်သိန်း K-Pop Music Concert ပြန်လည်ပေးအပ်လှူဒါန်းခဲ့

နာမည်ကျော် SISTER အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့သည့် Inno City Love Sharing Concert ဖျော်ဖြေပွဲကြီးကို ဇွန် ၁၁ ရက် ညနေ ၆ နာရီက ရှင်စောပုလမ်းရှိ Myanmar Event Part တွင် ကျင်းပခဲ့ရာ ဖျော်ဖြေပွဲမှရရှိလာသည့် အလှူငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်း ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ K-Pop Music Concert တွင် SISTER,MONSTAX,BADKIZ ၊ ကိုရီးယားရော့ခ်အဆိုတော် So Chan Whee, A Pera Team တို့က မြူးကြွသည့် တေးသီချင်းမျိုးစုံ၊ ကကွက်ဆန်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကြည့်ရှုသူများပြားခဲ့ကြောင်း သိရသည်။

နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင်ပြုလုပ်မည်

နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို   ရန်ကုန်မြို့တွင် ဇွန်လအတွင်း    ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ရောင်းချရန် အစီအစဉ်မရှိကြောင်း ယင်းဖျော်ဖြေပွဲ ကို စီစဉ်သည့် Tiger Fate အဖွဲ့ CEO မစ္စတာ Tiger Jeoung က ပြောကြားသည်။ (more…)


ဇာတ်ရုပ်အတွက် မျက်နှာသွယ်အောင် ဆေးထိုးခဲ့တဲ့ ဇေရဲထက်

မကြာမီ ရုံတင်တော့မည့် ‘ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်’ဇာတ်ကားရိုက်ကူးစဉ်က မိန်းကလေးပုံစံ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သောကြောင့် မျက်နှာသွယ်အောင် အဆီကျဆေးများ ထိုးခဲ့ ရကြောင်း ဇေရဲထက်က ပြောသည်။

‘‘အရင်က ကျွန်တော့်မျက်နှာ အရမ်းဖောင်းတဲ့အတွက် မိန်းကလေးပုံစံဆို အဆင်မပြေဘူး။ အဲဒါနဲ့ အဆီကျဆေးတွေ ထိုးလိုက်ရတယ်။ အဲဒီလိုထိုးလိုက်မှ နည်းနည်းလေး သွယ်သွားပြီး အဆင်ပြေသွားတာ’’ဟု ၎င်းက ပြောသည်။

အနုပညာရှင်များဆီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းကျော် လိမ်လည်သွားသည့် အဆိုတော်ကဗျာဘွဲ့မှူးအကြောင်း စာနယ်ဇင်းရှင်းလင်း

ချွေးနှဲစာဖြင့် ရှာထားသည့် အနုပညာကြေးများကိုလိမ်လည် သွားသည့် ဂီတမှူး စောဘွဲ့မှူး၏ သမီးကြီးကဗျာဘွဲ့မှူးနှင့်ပတ်သက် ပြီး ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား လမ်းရှိ Orchid Hotel ၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါငွေကြေးအလွဲသုံးမှုတွင် အလိမ်ခံရသော အနုပညာရှင် များဖြစ်ကြသည့် အဆိုတော် မေခလာ ကျပ်သိန်း ၃ဝဝ၊ ဆုန် သင်းပါရ် ကျပ်သိန်း ၁၃ဝဝ၊ Lဆိုင်းဇီ ကျပ်၈၅သိန်း၊ ဘိုဖြူ ကျပ်သိန်း၁ဝဝ၊ ကော်နီ ကျပ်သိန်း ၁၈ဝ၊ အံ့မော်ဦး ကျပ်သိန်း၁ဝဝဝ၊ အဆိုတော်ီဖြိုး၏ဇနီး ကျပ်သိန်း ၈၅ဝ၊ ခရစ္စတိုဖာ ကျပ်သိန်း ၅ဝဝ၊ စောအယ်ခူး ကျပ်သိန်း ၆ဝဝ၊ ကျော်နေဝင်း ကျပ်သိန်း ၃ဝဝ၊ စလားရူဖန်း ကျပ်သိန်း၁ဝဝ၊ မိုးနှင်းသက် ကျပ်သိန်း ၂၅ဝဝ၊ ဝင်းပပအေး ကျပ်သိန်း ၁၂၅ဝ၊ နန္ဒာကျော်သူ ကျပ်သိန်း ၅ဝဝ၊ ဒေါ်စန္ဒာရတနာ ကျပ်သိန်း ၁၅ဝ၊ စင်ဒီ ကျပ်သိန်း ၃ဝဝ တို့ အလိမ် ခံရသည်။
လက်ရှိတွင် ကဗျာဘွဲ့မှူးသည် အမေရိကားကို ထွက်ပြေးတိမ်း ရှောင်နေကြောင်း သိရသည်။ ”ကျွန်မတို့ပိုက်ဆံတွေက ဘယ်သူ နဲ့မှ ဆက်စပ်ပြီးရလာတဲ့ ငွေ မဟုတ်ပါဘူး။ ပရိသတ်တွေက ချစ်လို့ပေးထားတဲ့ အနုပညာကြေး တွေပါ။ သူတို့နဲ့ ချစ်ငယ်တို့က အရမ်းခင်ရတဲ့ သူတွေပါ။ ကဗျာ ဘွဲ့မှူးဆိုတာလဲ ကျွန်မလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးပါ။ နောက် မျိုးမြင့်အောင်ဆိုတာလဲ ချစ်ငယ် တို့နဲ့ တအားရင်းနှီးတဲ့သူတွေပါ။ အဲ့ဒီလိုရင်းနှီးမှုကို အခွင့်အရေး ယူပြီး လုပ်သွားတာပါ။ သူ့အပေါ် ကောင်းတဲ့သူတွေကို သူလုပ်သွား တာပါ။ သူ့ကို လုပ်ငန်းစပ်တူ လုပ်ဖို့ ပေးအပ်ခဲ့တဲ့ငွေတွေပါ။ သူတို့ဓာတ်ဆီဆိုင်ကနေ တစ်နေ့ ရတဲ့ဝင်ငွေက မနည်းပါဘူး။ ဒါကို သူတို့ပြန်ဖြေရှင်းပေးနိုင်ရဲ့သားနဲ့ သူတို့မရှင်းပေးဘဲ ထွက်ပြေး တယ်။ ကိုယ့်အချင်းချင်း မလုပ် သင့်ပါဘူး။သူကိုယ်တိုင်က စီးပွား ရေးလုပ်ပါလားဆိုပြီး ချစ်ငယ်တို့ အားလုံးကိုလာပြောတာပါ။ သီချင်း ဆိုနေမယ့်အစား ထာဝရအဆင် ပြေမယ့်လုပ်ငန်းဆိုပြီး လိမ်သွား တာပါ။ သူရဲ့ ZTX ဆီဆိုင်မှာ တစ်ယောက်ကိုအစုရှယ်ယာကျပ် သိန်း ၂ဝဝစီ ပါဝင်ခိုင်းပါတယ်။ သူတစ်ခုခုမှားယွင်းမှုကြောင့် လုပ် သွားတယ်လို့ပဲ သတ်မှတ်ထား ပါတယ်။ သူတို့ကို အဆင်မပြေ တာ ဘာရှိလဲပြောပါဆိုတာကို သူတို့ဘက်ကအကြောင်းမပြန်ဘူး။ သူတို့ဘက်က လုပ်ချင်တာလုပ်လို့ ပြောပါတယ်။ သူတို့က အမျိုးမျိုး တိမ်းရှောင်လို့ အခုလိုပွဲလေးလုပ် တာပါ။သူတို့အမျိုးတွေက သတင်း စာမှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ သူတို့ကို သိက္ခာကျဆင်းအောင် လုပ်ရင် တရားစွဲမယ် ဘာညာပြော လာလို့ အခုလိုမီဒီယာကို အသိ ပေးရတာပါ”ဟု အဆိုတော်မေ ခလာက ပြောကြားခဲ့သည်။

CFDA Fashion Icon Award ဆုကို Beyonce ရရှိ

Beyonce ဟာဖက်ရှင်အမြင်ရှိသူတစ်ယောက်ဖြစ်ပေမယ့် ကော်ဇောနီပေါ်ကိုတော့ အများကြီး လျှောက်လေ့ မရှိပါဘူး။ ခင်ပွန်းဖြစ်သူ Jay Z နှင့် basketball ကြည့်ရင်ကြည့်၊ စတူဒီယိုထဲမှာ သီချင်းသွင်နေတာဖြစ်ရင်ဖြစ် ဒီလိုမှ မဟုတ်ရင်တော့ နယ်လှည့်ဖျော်ဖြေနေတာဖြစ်ပါတယ်။ (more…)


ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် အကုန်လုံးတော့ မပြောင်းလဲသေးပါဘူးဆိုတဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း


လတ်တလောမှာ ဂီတလူငယ်လေးတစ်ဦးရဲ့အချစ်တော် ကောင်မလေးဖြစ်နေသူ Bo Bo Film ရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း မိုးစက်ဝိုင်၊ဇာတ်ညွှန်း ဆူးခက်မင်း၊ ဒါရိုက်တာသားညီရိုက်ကူးတဲ့ ‘ဟဲ့’ဗီဒီယိုဇာတ်ကားတွင် အဆိုတော်ရဲရင့်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားသူ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် သဉ္ဇာနွယ်ဝင်း။

အသက်ကြီးသော်လည်း အောင်မြင်နေဆဲ ဟောလိဝုဒ် မင်းသားကြီး

ဟောလိဝုဒ်အနုပညာလောကရဲ့ အထွန်းတောက်ဆုံးနဲ့ အကျော်ကြား အအောင်မြင်ဆုံး ကြယ်တစ်ပွင့်လို့ ပြောလို့ရတဲ့ အမေရိကန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမန်းဟာ မမ်ဖစ်မှာ မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး နီဂရိုးလူမျိုးမိသားစုက ဆင်းသက်လာသူပါ။

၁၉၇၁ ခုနှစ်ကတည်းက စတင်ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marie ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေ စတင်အသိအမှတ်ပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာလည်း သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာ ဇာတ်လမ်း ဇာတ်အိမ်ကောင်းခြင်း၊ ကိုယ်တိုင်က သရုပ်ဆောင် ပီပြင်ထူးချွန်လွန်းခြင်းတို့ကြောင့် အမြဲတစေဆိုသလို အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

စီးပွားရေးကြော်ငြာရိုက်ကူးမှုတွင်လည်း သရဖူဆောင်းနေသည့် ဆောင်းဂျုံကီ

ယခုလက်ရှိတွင် အာရှတစ် လွှား၌လွမ်းမိုးမှုအားကောင်းနေ လွန်းသည့် အသက်(၃ဝ)အရွယ် မင်းသားဆောင်းဂျုံကီသည် ၂ဝ၁၆ ခုနှစ် မတ်လကတည်းက သုံးလ တိုင်တိုင် စီးပွားရေးကြော်ငြာရိုက် ကူးမှုများတွင်လည်း နံပါတ်တစ် နေရာတွင် ထိပ်ဆုံးမှရပ်တည်နေ ခဲ့ကြောင်းသိရသည်။ ကိုရီးယား နာမည်ကျော်စောသူများအဖွဲ့အစည်း ၏ပြောကြားချက်အရ ဆောင်းဂျုံ ကီသည် ၂ဝ၁၆ ခုနှစ် မေလ၏ လွှမ်းမိုးနိုင်ဆုံးသောမော်ဒယ်အဖြစ် ကျော်ကြားမှုသရဖူကိုဆောင်းနိုင် ခဲ့ကြောင်း သိရသည်။
၎င်း၏နောက်တွင် အောင်မြင် မှုနှင့် လွှမ်းမိုးမှုအရှိဆုံးသောပုဂ္ဂိုလ် အဖြစ် ရပ်တည်နေသူမှာ Seattle Mariners မှ ဘေ့စ်ဘောကစား သမား Dae Ho ဖြစ်ပြီး တတိယ နေရာတွင် ရပ်တည်နေသူမှာ Cheese in the Trap ဇာတ်ကား၏ ခေါင်းဆောင်မင်းသား Kim Go Eum ဖြစ်သည်။
ဆွန်ပီသတင်းဌာန၏အစီရင်ခံ တင်ပြမှုအရ ထိုကဲ့သို့ လွှမ်းမိုး ကျော်စောမှုအရှိဆုံးသောစီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် များအားရွေးချယ်ရာတွင် မော်ဒယ် ၂၃ ဦးအား ရွေးချယ်ခဲ့ပြီး ထို မော်ဒယ်များအားကိုရီးယားနာမည် ကျော်စောသူများအဖွဲ့အစည်းက ၂ဝ၁၆ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂၈ ရက်အတွင်းရရှိခဲ့သည့် အချက် အလက်ပေါင်း ၄၃၇၉ဝ၈၈ဝ အပေါ် တွင်အခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှမ်းမိုးကျော် စောမှုအရှိဆုံးသော စီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် အဖြစ်သတ်မှတ်ရာတွင် ထိုမော်ဒယ် ရိုက်ကူးသည့် အမှတ်တံဆိပ်၏ နာမည်ကျော်စောမှုစံနှုန်းနှင့်ဝယ် ယူသုံးစွဲသူများ၏ သုံးသပ်ချက် များအပေါ်တွင်လည်း အခြေခံကာ ရွေးချယ်ခြင်းဖြစ်သည်။