လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ဗမာအေးရပ်ကွက် အေး စေတီလမ်း ‘အေးစေတီပရဟိတ အဖွဲ့’မှကြီးမှူးကျင်းပသောဒုတိယ အကြိမ်မြောက် ဆွမ်းအောင်ပွဲဓမ္မ ပူဇာ အထူးတရားပွဲတွင် တရား ဟောဆရာတော်များနှင့် တရားနာ ဧည့်ပရိသတ်များ အေးချမ်းစွာ တရားနာယူနိုင်စေရန် အေးစေတီ လမ်းတစ်လျှောက် ခြင်ဆေးမှုတ် ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲ အထိဆောင်ရွက်ပေးခဲ့ကြောင်း သိ ရသည်။

ပါတီဆိုင်းဘုတ်အသစ်ပြန်လည်တင် နိုင်ငံရေးစကားဝိုင်းပြုလုပ်

ရန်​ကုန်​၊​ရွှေပြည်​သာ၊၂၀၁၈၊ဒီဇင်​ဘာ၊၂၃

ရန်​ကုန်​တိုင်းဒေသကြီး၊​မြောက်​ပိုင်းခရိုင်​၊​ရွှေပြည်​သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ် အသစ် ပြန်လည်တင်ခြင်းနှင့် နိုင်ငံ ရေးစကားဝိုင်း အခမ်းအနားကို ယ​နေ့နံနက်​၉နာရီက အမှတ်​၄ရပ်​ကွက်​ပါတီ ဥက္ကဋ္ဌဦးနိုင်​ဦး၏နေအိမ်တွင် ပြု လုပ်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးထီးတော်တင်လှုပွဲတက်ရောက်ကြည်ညို။

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့ နယ် ဖေါင်ကြီးမြို့ ရွှေမေတ္တာပရဟိတစာသင်တိုက် ဇမ္ဗူအေးရွှေမေတ္တာစွယ်တော်မြတ်စေတီတော်ထီးတော်တင်လှုပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု့ ဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ(ဥက္ကဌ) ဦးခင်မောင်စိုးဇနီးဒေါ်နီနီနှင့်လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များအလှု့ရှင်အလှု့အမများသည်ဒီဇင်ဘာလ(၂၂)ရက်နံနက်(၉)နာရီကတက်ရောက်ဖူးမြှော်ကြည်ညိုကြကြောင်းသိရှိရသည်။

အစီအစဉ်အရဆရာတော်သံဃာတော်များထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီးမင်္ဂလာအချိန်ကျရောက်သောအခါစိန်ဖူးတော်နှင့်ထီးတော်တို့ကိုပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးနှင့်တာဝန်ရှိသူများအလှု့ရှင်အလှု့အမများမှတင်လှုပူဇော်ခဲ့ကြကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးတက်ရောက်

 

၂၂-၁၀-၂၀၁၈

မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကျင်းပပြုလုပ်မည့် ၁၃၈၀ပြည့်နှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာများအသင်းတာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးပိုက်ထွေးတက်ရောက်ပြီး ပါတီဌာနချုပ်မှ လှူဒါန်းသော အလှူငွေ သိန်း(၂၀)ကျပ်အား မြန်မာနိုင်ငံစာရေးဆရာများအသင်းသို့ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာစန်းစန်းနွယ်ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကိုဒီဇင်ဘာလ(၂၁)ရက်နံနက်(၉:၃၀)နာရီကမှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းကော်မတီဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဌဦးတင်ယုနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရမှော်ဘီမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များမှမိတ်ဆက်စကားပြောကြားသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ပြည်ခိုင်ဖြိုးပါတီသည်အသင်းဘဝကတည်းကစပြီးအမျိုးသားရေးနှင့်လုံခြုံရေးကိစ္စများတွင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြပြီးယခုအခါပါတီအဖြစ်ဖြင့်ပြည်သူ့အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်လျှက်ရှိနေဆဲဖြစ်ကြောင်းပါတီသည်ယခုအခါပြိုင်ဘက်ပါတီအဖြစ်ရပ်တည်နေရသော်လည်းပြည်သူ့အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်ရင်း၂၀၂၀ ပါတီအောင်နိုင်ရေးအတွက်ခွန်အားအပြည့်ဖြင့်ဆောင်ရွက်ကြစေခြင်ကြောင်းပါတီဝင်များစည်းလုံးညီညွတ်ဖို့လိုအပ်ကြောင်းထို့ပြင်ယနေ့ခေတ်အခြေအနေများကိုပြည်သူများသိရှိဖို့လိုအပ်ကြောင်းပြည်သူလူထုထံအရောက်သွားကြဖို့လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာဒေါ်စန်းစန်းနွယ်မှပါတီစည်းရုံးရေးကျစ်လျစ်ခိုင်မာရေးနှင့်အမျိုးသမီးပါတီဝင်များပါဝင်ဆောင်ရွက်မှုများကိုဆွေးနွေးပြောကြားသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီမှပါတီစည်းရုံးရေးလုပ်ငန်းစဉ်များနှင့်၂၀၂၀ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များကိုပြောကြားရာတွင်ယနေ့တက်ရောက်လာသည့်ရပ်ကျေးပါတီကော်မတီဝင်များနှင့်မြို့နယ်တိုင်းခရိုင်ဗဟိုအဆင့်အထိရိုးသားစွာမှန်မှန်ကန်ကန်ဆက်သွယ်ဆောင်ရွက်ကြဖို့လိုကြောင်းပါတီဝင်တိုင်းသည်ပါတီအောင်နိုင်ရေးကိုတန်းတူဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်းထို့ကြောင့်ပါတီဝင်များစည်းလုံးညီညွတ်စွာဖြင့်ပါတီအောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ကြစေခြင်ကြောင်းပြောကြားပြီးရှေ့လုပ်ရမည့်လုပ်ငန်းစဉ်များကိုပြောကြားသည်။
ဆက်လက်၍တက်ရောက်လာသည့်ပါတီဝင်များကိုယ်စားမှော်ဘီမြို့နယ်ပါတီဥက္ကဌဦးလှဦးမှရွေးကောက်ပွဲသုံးသပ်ချက်များကိုတင်ပြသည်။
ထို့နောက်တွေ့ဆုံပွဲအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


ရန်​ကုန်​တိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီတိုင်း​ကော်​မတီဝင်​ ဦးခင်​​မောင်​တင့်​မှပါတီဝင်​များနှင့်​​တွေ့ဆုံ၍ ပါတီဝင်​အင်​အားစီစစ်​ခြင်းနှင့်​ကွင်းဆင်း​ဆောင်​ရွက်​ခြင်းများ​ဆောင်​ရွက်

 

ရွှေပြည်သာ ၊ ဒီဇင်​ဘာ၊ ၂၀၊

ရန်​ကုန်​တိုင်း​ဒေသကြီး ၊​မြောက်​ပိုင်းခရိုင်​နယ်​​မြေတာဝန်​ခံတိုင်း​ကော်​မတီဝင်​ဦးခင်​​မောင်​တင့်​သည်​​ရွှေပြည်​သာမြို့နယ်​၊အမှတ်​၅ရပ်​ကွက်​သို့ယ​နေ့နံနက်​၉နာရီ မှစပြီး ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပြီး ပါတီဝင်​အင်​အားစီစစ်​ခြင်းလုပ်​ငန်းများအား အဖွဲ့(၂) ဖွဲ့ခွဲ၍ ​ဆောင်​ရွက်​​စေခဲ့ပါသည်​။

အဆိုပါ ပါတီဝင်​အင်​အားစီစစ်​ခြင်းအား မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလင်း​အောင်​​အောင်​မှဦး​ဆောင်​၍ ဘဏ္ဍာ​ရေးမှူး ​​ဒေါက်​တာဦး​လေး​မောင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးရဲဝင်း​အောင်​နှင့့်​ဒေါ်ချမ်းမြ​အေးတို့မှအမှတ်​(၅) ရပ်​ကွက်​ပါတီဥက္ကဌဋ္ဌ ဦးလှထွန်းနိုင်​နှင့်​ရပ်​ကွက်​ပါတီအတွင်း​ရေးမှူးဦးလှထွန်းတို့နှင့်​အတူတအိမ်​တက်​တအိမ်​ဆင်း Door To Door စနစ်​ဖြင့်​ အမှတ်​(၅) ရပ်​ကွက်​ရှိ ပါတီဝင်​အင်​အားများအားစီစစ်​​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းသိရှိရပါသည်​။

မြောက်ဥက္က္တလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြောက်ဥက္က္တလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်း/ခရိုင် လုပ်ငန်းလမ်းညွန်မှုနှင့်အညီ မြို့နယ်ပါတီကော်တီဝင်နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်မှ ကြီးကြပ်၍ အမှတ် (၁) ရပ်ကွက်ပါတီဥက္ကဌ ဦးတင်ဝင်းလှိုင်နှင့် ပါတီကော်မတီများမှ ယမန်နေ့နေလည် ၁ နာရီခွဲမှစတင်၍ သုမိတ္တာ ၁ လမ်း သုမိတ္တာ ၂ လမ်း သုမိတ္တာ ၃ လမ်း ခေတ္တာလမ်းသဇင်လမ်းရှိပါတီဝင်အိမ်များသို့သွားရောက် ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်စီစစ်ခြင်း/အင်အားတိုးဆောင်ရွက်ခြင်းအား ယမန်နေ့ညနေ ၆ နာရီအထိပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းခရိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင်ဒီဇင်ဘာလ(၁၉)ရက်နေ့လည်(၁:၃၀)နာရီကတိုင်းခရိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌများအတွင်းရေးမှုးမျာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတိုင်းပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းကော်မတီဝင်များခရိုင်လေးခရိုင်မှဥက္ကဌနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌအတွင်းရေးမှုးများတက်ရောက်ကြသည်။

အစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှ၂၀၂၀ပါတီအောင်နိုင်ရေးအတွက်စည်းရုံးရေးလုပ်ငန်းစဉ်များပါတီတွင်းစည်းလုံးညီညွတ်မှုရှိရေးနှင့်ပါတီဝင်များပြည်သူထံကွင်းဆင်းစည်းရုံးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုပြောကြားသည်။
ဆက်လက်၍ခရိုင်ပါတီဥက္ကဌများမှခရိုင်အလိုက်ဆောင်ရွက်လျှက်ရှိသည့်စည်းရုံးရေးလုပ်ငန်းစဉ်များကိုတင်ပြသည်။

ထို့နောက်တိုင်းအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းဘဏ္ဍာရေးမှုးဒေါ်အေးမင်းမိုးမှဆွေးနွေးသည်။

နိဂုံးချူ ပ်အဖြစ်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှနိဂုံးချူ ပ်အမှာစကားပြောကြားပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်မိ ရပ်ဖများတွေ့ဆုံ

 

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီ က ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ဖျာပုံ မြို့နယ် ပင်လယ်ဘက်ခြမ်းရှိ အမာ မြို့နယ်ခွဲ နောက်မီး၊ အရှေ့ဖျား၊ ဆိပ်မ၊ ကျောင်းကုန်း၊ ဘဝသစ်၊ ကြက်ဖမွေးဇောင်းကျေးရွာများရှိရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံး ရေးမှူးများအား တွေ့ဆုံခဲ့သည်။