ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးသံမှူးကို လက်ခံတွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးဆိုင်ရာဖောင်ဒေးရှင်း (China Foundation for Peace and Development) မှ သံမှူး Mr. Wang Hua ကို ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)သံလွင်လမ်းတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဒဂုံ​မြောက်​ပိုင်းပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ထု​တွေ့ဆုံပွဲကျင်းပ

 

ရန်​ကုန်​ ဇန်​န၀ါရီ ၂၃

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောာင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​ ရန်​ကုန်​တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်စန်းစန်းဝင်းနှင့်​ အမျိုးသမီးပါတီ​ကော်​မတီဝင်​များ​တွေ့ဆုံပွဲကို ယ​နေ့နံနက်​ ၁၀ နာရီ အချိန်​က ဒဂုံ​မြောက်​ပိုင်းမြို့နယ်​ရှိ မြို့နယ်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
ဗဟို​ကော်​မတီဝင်​ ရန်​ကုန်​တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်စန်းစန်းဝင်းမှ နှုတ်​ခွန်းဆက်​ အမှာစကား​ပြောကြားပြီး ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်လဲ့လဲ့​အေးမှ ဗဟိုအမျိုးသမီးညီလာခံအ​တွေ့အကြုံများအားရှင်းလင်း​ပြောကြားခဲ့ပြီး၊ဒဂုံ​မြောက်​ပိုင်းအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ဝင်းဝင်း​အောင်​မှ ​ရှေ့ဆက်​မည့်​လုပ်​ငန်းစဉ်​အား​ပြောကြားခဲ့ပြီး တက်​​ရောက်​လာကြသူရပ်​ကွက်​ပါတီဥက္ကဌများမှ ပြန်​လည်​​ဆွေး​နွေးခဲ့ကြပြီး မြို့်​နယ်​ပါတီဥက္ကဌဦးခင်​​မောင်​​ဇော်​မှ နိဂုံးချုပ်​အမှာစကား​ပြောကြားခဲ့ပြီး အမှတ်​တရဓာတ်​ပုံများအားစု​ပေါင်းရိုက်​ကူးခဲ့ပြီးအခမ်းအနားအား ​နေ့လည်​၁၂နာရီ တွင်​ရုတ်​သိမ်းခဲ့​ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများသို့ ဆန်နှင့်ဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၁၆

အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယမန်နေ့ နံနက် ၈နာရီ တွင် ပြည်သူများကုန်ဈေးနှုန်း သက်သာစွာဖြင့် ဆန်၊ ဆီများကို ဝယ်ယူစားသုံးနိုင်ရေးအတွက် အင်းစိန်မြို့နယ် ရွာမအနောက်ရပ် ကွက် မြို့ပတ်လမ်းရှိ နယ်မြေ(၆) ၌ လူတစ်ဦးလျှင်ဆန်တစ်ပြည်၊ ဆီ တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ သည်။ ၁၃ဝဝကျပ်တန် မနောသုခ ဆန်တစ်ပြည်လျှင် ကျပ်၁ဝဝဝနှုန်း နှင့် ဆီတစ်ပိဿာလျှင်ကျပ်၁၅ဝဝ နှုန်းဖြင့်မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးသန်းနှင့် ပါတီကော်မတီဝင် များက သွားရောက်ရောင်းချခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝင်များ ရွှေတိဂုံစေတီတော်သို့ အလေးချိန် သုံးကျပ်သားရှိ ရွှေစင်ရွှေသား ရွှေပြားကပ်လှူ

 

ရန်ကုန် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင် စိုးနှင့် ဇနီးဒေါ်နီနီတို့အား အမှူးထား၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် များ စုပေါင်းကာ ယမန်နေ့ မွန်းလွဲ ၃ နာရီက လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် စနေ ထောင့်ရှိ ရွှေပြားတင်လှူပူဇော်ရေးမဏ္ဍပ် တွင် အလေးချိန် သုံးကျပ်သားရှိသော ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း တော်ကို ရွှေတိဂုံစေတီတော်ပေါ်သို့ ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ ကြကြောင်း သိရသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ ပါတီဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝတ်စုံပေးအပ်ပွဲကို မြို့နယ်အတွင်း ကျေးရွာများသို့ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်အနောက် ခြမ်းတိုက်နယ်ရှိ ကျိုက်ထော်(မြောက်)ကျေးရွာ၊ ကျိုက်ထော်(တောင်) ကျေးရွာ၊ အောက်ကျောင်း ကျေးရွာများရှိ ပါတီဝင်များနှင့် တွေ့ဆုံ ကာ ပါတီဝတ်စုံများပေးအပ်ခဲ့သည်။ ပါတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီများ၊ ရွာမိရွာဖများနှင့်တွေ့ဆုံရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်အခြေအနေများ၊ ဒေသခံများ၏သုံးသပ်ချက်၊ မျှော် လင့်ချက်ယုံကြည်ချက်များအား ပွင့်လင်းမြင်သာစွာ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီရှေ့လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ခရိုင်ညွှန်ကြားချက်များ ထပ်ဆင့်ရှင်းလင်းကာ ဒေသလိုအပ်ချက်များ အား အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ သုံးခွမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီးသုံးခွ မြို့အမှတ်(၁)ရပ်ကွက် မာဃလမ်း ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါ တီဗဟိုအတိုင်ပင်ခံ ဦးမြညိမ်းက မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စု၊ ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ၍ပါတီ၏လက်ရှိ လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ပါတီ၏ မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ် များ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီစည်းရုံးရေးကိစ္စများဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ရိုးခွကျေးရွာ အထက(ခွဲ) ပညာရည်ချွန်ဆုပေးပွဲနှင့်စုံညီပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ တက်ရောက်အားပေးဆုချီးမြှင့်

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရိုးခွကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရိုးခွကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ အထူးလျှော့ဈေးနှုန်းဖြင့်ရောင်းချ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇ နာရီမှစ၍ ဒိုင်စုကျေးရွာ တွင် ဆန်နှင့်ဆီများကို အထူးလျှော့ ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် သို့ရောင်းချပေးလျက်ရှိရာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လှိုင် သာယာမြို့နယ်အတွင်းရှိ ရပ်ကွက် ပေါင်း(၂ဝ)၊ ကျေးရွာအုပ်စုကိုး အုပ်စုတို့အား ရွေ့လျားအစီအစဉ် ဖြင့် အလှည့်ကျရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ရွှေပြည်သာပြည်​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမြို့နယ်​ရုံးခန်းမ၌ နှစ်ဦးပဌာန်းရွတ်ဖတ်ပူဇော်ခြင်း

 

ရွှေပြည်​သာ၊ဇန်​နဝါရီ၊၁၁ရက်​ ၂၀၁၉

ရွှေပြည်သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမြို့နယ်​ရုံးခန်းမတွင်ပဌာန်းရွတ်​ဖတ်​ပူ​ဇော်​ပွဲအားမြို့နယ်ပါတီဥက္ကဌဦးလင်းအောင်အောင်​၏လမ်းညွှန်​ဦး​ဆောင်​မှူ့ဖြင့်​ဘဏ္ဍာ​ရေးမှူးဦး​လေး​မောင်​ဦး​ဆောင်​၍​အမျိုးသမီးရေးရာလှူပ်ရှားမူအဖြစ် အမျိုးသမီးရေးရာတာဝန်ခံများနှင့် မြို့နယ် /ရပ်ကျေး အမျိုးသမီးများမှ ည​နေ(၅:၀၀မှ ည ၇:၀၀)အထိပဌာန်းဒေသနာတော်များအားရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။

Chan Mya Aye


လှိုင်သာယာ ပြည်ခိုင်ဖြိုးမှ ​သက်​သာ​ချောင်​ချိ​ရေး ဆီနှင့်ဆန် ရောင်းချ

 

လှိုင်သာယာ၊ ဇန္နဝါရီ၊ ၁၂၊
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှမြို့နယ်​ပါတီဥက္ကဌ ဦးဇေယျာအောင်နှင့်​မြို့နယ်​​ကော်​မတီဝင်​များ ပါတီကော်မတီဝင်များ လိုက်ပါလျှက် ​အမှတ်​(၁၆)ရပ်​ကွက်​သို့ သွား​ရောက်​ပြီး​ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကို ပြည်ခိုင်ဖြိုးပါတီက တဖက်တလမ်းမှ ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်နှုန်းနှင့် ဆီ ၁ ပိဿာ (၁၅၀၀) ကျပ်နှုန်းဖြင့် ယနေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။