ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ အထူးလျှော့ဈေးနှုန်းဖြင့်ရောင်းချ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇ နာရီမှစ၍ ဒိုင်စုကျေးရွာ တွင် ဆန်နှင့်ဆီများကို အထူးလျှော့ ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် သို့ရောင်းချပေးလျက်ရှိရာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လှိုင် သာယာမြို့နယ်အတွင်းရှိ ရပ်ကွက် ပေါင်း(၂ဝ)၊ ကျေးရွာအုပ်စုကိုး အုပ်စုတို့အား ရွေ့လျားအစီအစဉ် ဖြင့် အလှည့်ကျရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ယနေ့တွင် ဒိုင်စုကျေးရွာ၌ ရောင်းချပေးလျက်ရှိပြီး ရောင်းချ သည့်နေရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်၊ ဆန်အရောင်း တာဝန်ခံဦးဝဏ္ဏထွန်း၊ ဦးအောင် ကျော်မိုး၊ ဦးသစ်လွင်နှင့် မြို့နယ် ကော်မတီဝင်များ၊နယ်မြေတာဝန်ခံ ဦးရဲမင်းထိုက်နှင့်ကော်မတီဝင်များ၊ ပါတီလူငယ်များမှ ကြီးကြပ်ပြီး ပြည်သူများနေထိုင်သည့် ဒိုင်စု ကျေးရွာသို့စနစ်တကျရောင်းချပေး လျက်ရှိကြောင်း သိရသည်။

မနောသုခ(ဆန်ရှယ်) တစ် ပြည်လျှင် ကျပ် ၁ဝဝဝ နှုန်း၊ စား အုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၅ဝဝနှုန်းဖြင့်လိုသလောက်ရောင်း ချပေးလျက်ရှိရာ ပြည်သူများက စည်းကမ်းတကျဖြင့် ဝယ်ယူစား သုံးလျက်ရှိကြောင်းနှင့်လှိုင်သာယာ မြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာ များသို့ နေ့စဉ် နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)