ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် စစ်ကိုင်းဒေသကြီးအတွင်းမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟို အတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့်အတူ မုံရွာမြို့နယ်ရှိ တိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၁၆:၀၀ အချိန်မှ ညနေ ၁၈:၀၀ အချိန်ထိ စစ်ကိုင်းဒေသကြီးအတွင်းမှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့်နှင့် တက်ရောက်လာသော ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ မုံရွာ၊ ချောင်းဦး၊ ရေဦး၊ ဝက်လက်၊ ပါတီတာဝန်ရှိသူများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍနယ်မြေများ အလိုက် လုံခြုံရေးအခြေအနေ၊ ထူးခြားဖြစ်စဥ်နှင့် ပံ့ပိုးပေးစေလိုသည့် လိုအပ်ချက်များအား တင်ပြခဲ့ကြပါသည်။

ထို့နောက်ပါတီဥက္ကဋ္ဌမှ တစ်ဦးချင်း တင်ပြချက်များအပေါ် ပြန်လည်ဆောင်ရွက်ပေးမည့် အစီအစဉ်များအား အသေးစိတ်ပြန်လည်ဖြေကြားခဲ့ပြီးနောက် ” ပါတီဝင်လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့်ကိစ္စများ၊ သက်ဆိုင်ရာဌာန များနှင့် ဆက်ဆံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် ကိစ္စရပ်များ နှင့် အချင်းချင်းဆက်သွယ်ဆောင်ရွက်ရမည့်စနစ်များ ” နှင့်ပတ်သက်၍ အသေးစိတ်ဖြည့်စွက်မှာကြားခဲ့ပါသည်။ တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီ တာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

#USDP #Myanmar#Sagaing