ကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေကွင်းဆင်း၍ ပါတီလုပ်ငန်းများရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးနယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘုန်းမြင့်ဦး နှင့် ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဖြူးစုကျေးရွာအုပ်စုရှိ ပြည်သူများ ပါတီဝင်များဖြင့်တွေ့ဆုံခဲ့သည် ။ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဌမှ ပါတီ၏ မူဝါဒရပ်တည်မှု သဘောထား ပါတီအားပေးဝန်းရံသူများစုစည်းထားမှု အလုပ်သမားရေးရာကဏ္ဍ ၊ တောင်သူလယ်သမားရေးရာကဏ္ဍ ၊ အမျိုးသမီးရေးရာကဏ္ဍ ၊ ရပ်ကျေးပါတီများမှ လုပ်ရမည့် ပါတီလုပ်ငန်းစဥ်များ ၊ ပါတီဝင်များစည်းလုံးညီညွတ်စွာဖြင့် စုစည်းနိုင်ရေး ၊ PRစနစ်အကြောင်း စသည်တို့ကိုအကျယ်တစ်ဝင့်ရှင်းလင်းခဲ့သည် ။

ရှင်းလင်းချက်များအပေါ် တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခဲ့ရာတွင် လတ်တလောမြေပြင် အခြေနေမ ျား ၊ပါတီဝင်ကဒ်အသစ်များရရှိရေး ၊ ကျေးရွာအုပ်စုရှိဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအား တင်ပြဆွေးနွေး ခဲ့သည် ။

#USDP #Bago #KTGA