ကရင်ပြည်နယ်ပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပါတီပြန်လည်ဖွဲ့စည်းရေ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ယခုလ ၂၃ ရက် နံနက် (၉) နာရီက ပြည်နယ်ပါတီရုံးဒေါနခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဦးသူရိန်ဇော်၊ ဗဟိုကော်မတီဝင် ဦးစန်းကို၊ အရန် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးစိုင်းသန်းနိုင်နှင့် ဦးသန်းဦး၊ ပြည်နယ်ပါတီနာယက အဖွဲ့ခေါင်းဆောင် ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီနာယက အဖွဲ့ဝင် ဦးစောဝင်းထိန်၊ ပြည်နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးစောထူးကပေါ်၊ ဦးခွန်ဝင်းနောင် နှင့် ဦးစောကလိုထူး၊ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဝင် ၁ဝ ဦး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင် ၂၄ဦးတို့ တက်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် ပါတီဗဟိုကော်မတီဝင် ဦးသူရိန်ဇော်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးစောထူးကပေါ်က ပြည်နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ မျက်နှာစုံညီအစည်း အဝေးနှင့် ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးအစုအဖွဲ့စာတမ်းများကို မြို့နယ်အလိုက် အစုအဖွဲ့ခေါင်းဆောင်များက ဖတ်ကြားတင်သွင်းခြင်း၊ ပြည်နယ်ပါတီ ကော်မတီဝင်အဟောင်းများ ယာယီနုတ်ထွက်ကြောင်း ကြေညာခြင်း၊ ပြည်နယ်ပါတီကော်မတီဝင်အသစ်အဖြစ် အဆိုပြုထားသူများကို အစည်း အဝေးတွင် ဖတ်ကြားတင်သွင်းအတည်ပြုကာ မဲပေးရွေးချယ်ခဲ့ပြီး ပြည်နယ်ပါတီကြီးကြပ်ရေး မှ တာဝန်ယူစိစစ်ပြီး အတည်ပြု ကြေညာခဲ့သည်။

ထို့နောက် သဘာပတိက နိဂုံး ချုပ် မိန့်ခွန်းပြောကြားပြီး ကြွေး ကြော်သံများဖြင့် အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။


Leave a Reply