သင်တန်းသားသင်တန်းသူများ လေ့လာရေး ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပို့ဆောင်ပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနိုင်လင်းနှင့် မြို့နယ် အရန်ပါတီကော်မတီဝင် ဦးငြိမ်းမြင့် တို့ဦးဆောင်၍ ယခုလ (၂၃) ရက် နံနက် (၁ဝ) နာရီတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် နဝမအကြိမ် မြောက်ပြုလုပ်သော အလုပ်အကိုင်ပြပွဲသို့ တတိယအကြိမ်မြောက် သင်တန်းသားသင်တန်းသူ (၁ဝ) ဦးကို ပို့ဆောင်ပေးခဲ့သည်။

ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပထမနှင့်ဒုတိယအကြိမ်အဖြစ် Myanmar Event Park တွင် ကျင်းပသော အလုပ်အကိုင်ပြပွဲတွင် မြို့နယ်ပါတီရုံးနှင့် တိုက်နယ်များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သော LCCI နှင့် ကွန်ပျူတာသင်တန်းမှ သင်တန်း သားသင်တန်းသူ (၄ဝ) နှင့် ယခုတပ်မတော်ခန်းမတွင် ကျင်းပသော အလုပ်အကိုင်ပြပွဲသို့ (၁ဝ) ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ (၅ဝ) ကို အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးခဲ့ကြောင်း သိရသည်။

ယခုကျင်းပသော အလုပ်အကိုင်ပြပွဲတွင်လည်း Myanmar young Entrepreneurs Association မှ ကြီးမှူးကျင်းပသည့် အလုပ်အကိုင် အခွင့်အလမ်း ဟောပြောပွဲတွင် လူငယ်စာရေးဆရာ လင်းသိုက်ညွန့် ဟောပြောသော Dream Job အကြောင်း ဟောပြောမှု ကိုနားထောင်ပြီး သင်တန်းသား သင်တန်းသူများအား ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ငွေသန်း(ဇလွန်)


Leave a Reply