ပြည်ခိုင်ဖြိုးပါတီမှ ကျေးလက်နေပြည်သူများအား အထူးလျှော့ဈေးဖြင့်ဆန်များဆက်လက်ရောင်းချ

 

ပျဉ်းမနား ဇန်နဝါရီ ၂၇

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူများအတွက် ဆန်များ အထူး လျှော့ဈေးဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလဆန်းမှစ၍ ရောင်းချပေး လျက်ရှိရာ ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း

ယမန်နေ့ နံနက်ပိုင်းက ဆင်သေကျေးရွာသို့ သွားရောက်ကာ ဆန်များကို လျှော့ဈေး ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ မှ ဆန်များကို အထူးလျှော့ဈေးဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ လဆန်းမှစတင်၍ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်၊ မန္တလေးတို့ရှိ မြို့နယ်တော်တော် များများတွင်လည်း ဆန်၊ဆီများကို ရောင်း ချပေးနေလျက်ရှိကြောင်း၊ ရောင်းချပေး သည့် ဆန်များသည် မနောသုခဆန်ဖြစ်ပြီး ကာလ ပေါက်ဈေး ကျပ် ၁၃ဝဝခန့်ရှိသည့် ဆန်များကို အမြတ်အစွန်း လုံးဝမယူဘဲ ပွဲရုံပေါက်ဈေးအတိုင်း ပါတီအနေဖြင့် တစ်ပြည်လျှင် ကျပ် ၁ဝဝဝ နှုန်းဖြင့်သာ ရောင်းချပေးနေခြင်းဖြစ်ကာ ယနေ့တွင် ဆင်သေကျေးရွာ၌ ဆန် ၂၅ အိတ်ရောင်းချ ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ဆက်လက်ရောင်းချပေးနေဦးမည်ဖြစ် ကြောင်း သိရသည်။

ထက်ဦး(ပျဉ်းမနား)