ရန်​ကုန်​တိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီတိုင်း​ကော်​မတီဝင်​ ဦးခင်​​မောင်​တင့်​မှပါတီဝင်​များနှင့်​​တွေ့ဆုံ၍ ပါတီဝင်​အင်​အားစီစစ်​ခြင်းနှင့်​ကွင်းဆင်း​ဆောင်​ရွက်​ခြင်းများ​ဆောင်​ရွက်

 

ရွှေပြည်သာ ၊ ဒီဇင်​ဘာ၊ ၂၀၊

ရန်​ကုန်​တိုင်း​ဒေသကြီး ၊​မြောက်​ပိုင်းခရိုင်​နယ်​​မြေတာဝန်​ခံတိုင်း​ကော်​မတီဝင်​ဦးခင်​​မောင်​တင့်​သည်​​ရွှေပြည်​သာမြို့နယ်​၊အမှတ်​၅ရပ်​ကွက်​သို့ယ​နေ့နံနက်​၉နာရီ မှစပြီး ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပြီး ပါတီဝင်​အင်​အားစီစစ်​ခြင်းလုပ်​ငန်းများအား အဖွဲ့(၂) ဖွဲ့ခွဲ၍ ​ဆောင်​ရွက်​​စေခဲ့ပါသည်​။

အဆိုပါ ပါတီဝင်​အင်​အားစီစစ်​ခြင်းအား မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလင်း​အောင်​​အောင်​မှဦး​ဆောင်​၍ ဘဏ္ဍာ​ရေးမှူး ​​ဒေါက်​တာဦး​လေး​မောင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးရဲဝင်း​အောင်​နှင့့်​ဒေါ်ချမ်းမြ​အေးတို့မှအမှတ်​(၅) ရပ်​ကွက်​ပါတီဥက္ကဌဋ္ဌ ဦးလှထွန်းနိုင်​နှင့်​ရပ်​ကွက်​ပါတီအတွင်း​ရေးမှူးဦးလှထွန်းတို့နှင့်​အတူတအိမ်​တက်​တအိမ်​ဆင်း Door To Door စနစ်​ဖြင့်​ အမှတ်​(၅) ရပ်​ကွက်​ရှိ ပါတီဝင်​အင်​အားများအားစီစစ်​​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းသိရှိရပါသည်​။

ရွှေပြည်​သာ မြို့နယ်​တွင်​ ရပ်​ကွက်​​ပေါင်း (၂၇) ရပ်​ကွက်​ ရှိပြီး တစ်​ပတ်​လျှင်​ (၄)ရက်​ ကွင်းဆင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းလည်း သိရှိရပါသည်​။

ချမ်းမြအေး (ရွှေပြည်သာ)