မေ၀ယ်လ်သာနဲ့ တစ်ကျော့ပြန် ထိုးသတ်ဖို့ ဆန္ဒရှိနေတဲ့ ပက်ကွီအို

အသက် (၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ကွီအိုဟာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ၀ယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ လူးကပ်စ်မက်သီစီကို (၇)ချီမြောက်မှာ အလဲထိုးအနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေနဲ့ တစ်နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ပက်ကွီအိုဟာ ပွဲချိန်အ စောပိုင်းမှာပဲ အသာစီးရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ ဘောလုံးအသင်း ပဏာမလူစာရင်းထုတ်ပြန်

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲအတွက်  ပြင်ဆင်မည့် ပဏာမမြန်မာယူ-၂၃ ဘောလုံး အသင်းတွင် အသက်ကျော်သည့် ကစားသမား လေးဦး ထည့်သွင်းရွေးချယ်ထားသည်။

နာပိုလီနည်းပြဟောင်း မာရီဇီယိုဆာရီကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်

ချဲလ်ဆီးအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာမှာ နာပိုလီ နည်းပြဟောင်း မာရီဇီယို ဆာရီကို ခန့်အပ်လိုက် ပါတယ်။ ချဲလ်ဆီးက ထုတ်ပယ်လိုက်တဲ့ နည်းပြ ကွန်တီရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၅၉ နှစ်အရွယ် နည်းပြ ဆာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။ နည်းပြသစ် ဆာရီကတော့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားပုံမျိုး ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဂျူဗင်တပ်နဲ့မိတ်ဆက်ပွဲအတွက် တူရင်ကိုရောက်နေတဲ့ စီရော်နယ်ဒို

ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဂရိနိုင်ငံမှာ မိသားစုနဲ့အတူ အပန်းဖြေနေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသစ်ဂျူဗင်တပ်နဲ့ တရားဝင်မိတ်ဆက်ပွဲအတွက် တနင်္ဂနွေနေ့က တူရင်လေဆိပ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။

အသက် 33 နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း 100 နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနေ့ (တနင်္လာ)မှာတော့ အသင်းသစ်နဲ့ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ကီဗစ် အန်ဒါဆန်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်တုန်းက နာမည်ကြီး နဒါးကို ခက်ခက်ခဲခဲ ဖြတ်ကျော် လာရတာပါ။ အန်ဒါဆန်ကတော့ တောင်အာဖရိက နိုင်ငံသားတွေထဲကနေ ပထမဆုံးအဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

ဆီရီနာဝီလျံကို အနိုင်ယူပြီး အန်ဂျလစ်ကာဘာ ဝင်ဘယ်ဒန်ချန်ပီယံဖြစ်လာ

အန်ဂျလစ်ကာဘာသည် ဝင်ဘယ်ဒန်ချန်ပီယံ ခုနစ်ကြိမ်ရ ဆီရီနာဝီလျံကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ပထမဆုံး ဝင်ဘယ် ဒန်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ ဂျာမနီမှ နိုင်ခြေအဆင့် (၁၁) ကာဘာသည် ၂၀၁၆ က သြစတြေးလျ အိုးပင်းနှင့် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်ပြီးနောက် ၎င်း၏ တတိယမြောက် ဂရင်းဆလမ်း ဖလားကို ရယူခဲ့သည်။ ဆီရီနာသည် ပထမဆုံး ကလေးမွေးဖွားပြီး ၁၀ လအကြာ တွင် ဝင်ဘယ်ဒန်ဗိုလ်လုပွဲ တက်လာကာ ၎င်းအတွက် ၂၄ ကြိမ် မြောက်ဖြစ်မည့် ဂရင်းဆလမ် ဖလားရရှိရန် ကြိုးစားခဲ့သည်။

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူ

ဇူလိုင် ၁၅ ရက် က ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက် ကွီအို (၃၉) နှစ်သည် ငယ်မူငယ် သွေးပြကာ WBA ဝယ်သာဝိတ် ချန်ပီယံ လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်ရ ယူခဲ့သည်။

ဂျူဗင်တပ်တွင် ရော်နယ်ဒိုကမ္ဘာ့တတိယ လစာအများဆုံး ကစားသမားဖြစ်လာ

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် ရီးရဲလ်မှ ဂျူဗင် တပ်သို့ ယူရို ၁၀၂ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် တစ်ပတ် လုပ်ခပေါင် ငါးသိန်းရရှိမည်ဖြစ် ရာ ၎င်းသည် မက်ဆီနှင့် နေမာတို့ နောက် ကမ္ဘာ့တတိယ လစာအ များဆုံး ကစားသမားဖြစ်လာ သည်။

အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် မလေးရှား အသင်းတို့  ဆုံတွေ့ 

ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ ဆုံ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။