ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူ

ဇူလိုင် ၁၅ ရက် က ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက် ကွီအို (၃၉) နှစ်သည် ငယ်မူငယ် သွေးပြကာ WBA ဝယ်သာဝိတ် ချန်ပီယံ လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်ရ ယူခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ထိုးသတ်သော ယင်းပွဲတွင် ပက်ကွီအိုက လက်ရည်အ သာစီးရခဲ့ပြီး ၎င်း၏ လက်ဝှေ့ ကစားသမားဘဝ ၂၃ နှစ်အတွင်း ပွဲ ၆၀ မြောက် နိုင်ပွဲရရှိခဲ့သည်။

တတိယအချီ စ,စချင်း ပက်ကွီအို၏ အားပါပြင်းထန်သော ဘယ်ထောက်လက်သီးချက်ကြောင့် အာဂျင်တီးနားသား မတ် သီဆီ (၃၅) နှစ် လဲကျခဲ့သည်။

လက်သီးချက် အားပါပြင်း ထန်မှု၌ နာမည်ကျော်စောသူမတ် သီဆီသည် ပဉ္စမအချီတွင် ပက်ကွီအို၏ တရစပ် ထိုးသတ်မှုကို ပြန်လည် တုံ့ပြန်နိုင်ခြင်းမရှိဘဲ ထပ်မံ လဲကျခဲ့သည်။

ခုနစ်ချီမြောက်တွင် ပက်ကွီအို၏ ဘယ်၊ညာတွဲလုံးလက်သီးချက်များ ထိရောက်ခဲ့ပြီး မက်သီဆီ မခံနိုင်တော့ဘဲ တတိယအကြိမ် လဲကျသဖြင့် ဒိုင်လူကြီးကန်နီဘေလက်စ်က ပွဲကိုရပ်နားကာ ပက်ကွီအိုအား အနိုင်ပေးခဲ့သည်။

‘‘သူ့ကို စောစောစီးစီးလဲကျအောင် ထိုးသတ်နိုင်ခဲ့တာကို ကျွန်တော်အံ့သြမိပါတယ်။ သုံးချီ၊ ငါးချီနဲ့ ခုနစ်ချီမှာ မက်သီဆီကို မှောက်ကျအောင် ထိုးနိုင်ခဲ့တာကို ကျွန်တော် အံ့သြရပါတယ်။ ဒါမျိုး စွမ်းဆောင်ပြနိုင်ခဲ့တာ အချိန် တော်တော်တော့ ကြာပါပြီ။ ကျွန်တော် ငယ်မူငယ်သွေးပြန်ရခဲ့ပါတယ်။ လေ့ကျင့်တဲ့ အချိန်မှာ ကောင်းကောင်း လုပ်ခဲ့ပါတယ်။ ကျွန်တော့်အသက် မငယ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို လေ့ကျင့်သင်ကြားပေးသူနဲ့ ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဟု ပက်ကွီအိုက ပြောသည်။

လက်ဝှေ့သမိုင်း၌ မတူညီသော တန်းရှစ်ခု၏ တစ်ဦးတည်းသော ကမ္ဘာ့ချန်ပီယံ ပက်ကွီအို သည် လောလော ဆယ်တွင် ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

—Ref:AFP/en.wilipedia.org