အာဆီယံယူ-၁၆ ဆီမီးဖိုင်နယ် မြန်မာနှင့် ထိုင်း ယနေ့ညနေ ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၃ နာရီ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပေါ့ဂ်ဘာ သဘောတူခဲ့တယ်လို့ သတင်းများ ထွက်ပေါ်

ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို ရောင်းချလိုခြင်းမရှိပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ (၉)ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပေမယ့် စပိန်လာလီဂါအပြောင်းအရွှေ့ ဈေးကွက်ကတော့ သြဂုတ်လ (၃၁)ရက်နေ့မှသာ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို သြဂုတ်လအကုန်ထိ ထိန်းသိမ်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

မန်စီးတီးဂိုးသမား ဂျိုးဟတ် ဘန်လေအသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

လန်ဒန်- မန်စီးတီး၌ ပွဲထွက်နေရာဆုံးရှုံးပြီးနောက် အင်္ဂလန်ဂိုးသမား ဂျိုးဟတ်သည် ပရီးမီးယားလိဂ်ကလပ် ဘန်လေနှင့် ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။

ဂျိုးဟတ်၏ ပြောင်းရွှေ့ကြေးပမာဏကို ဘန်လေအသင်းက မဖော်ပြသော်လည်း ပေါင် ၃ ဒသမ ၅ သန်းခန့် အကုန်အကျခံ ရဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။

မြန်မာယူ ၂၁ အသင်း တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

တရုတ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာယူ ၂၁ အသင်းသည် တရုတ် ယူ ၂၁ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၄ရက်မှ ၈ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် တရုတ်ယူ ၂၁ အသင်း၊ ဥဇဘက်ကစ္စတန် ယူ ၂၁ အသင်း၊ တာဂျစ်ကစ္စတန် ယူ ၂၁ အသင်းနှင့် မြန်မာယူ၂ ၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မိုဒရစ်အား ရောင်းချသွားရန် ရည်ရွယ်ချက်မရှိဟု ရီးရဲအသင်းနည်းပြ အတည်ပြု

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ကွင်းလယ်ကစားသမား လုကာမိုဒရစ်အား အသင်းမှ ထွက်ခွာခွင့် ပြုရန် ရည်ရွယ်ထားခြင်း မရှိကြောင်း ရီးရဲအသင်းနည်းပြ လိုပီတီဂူက အတည်ပြုပြောဆိုလိုက်သည်။

အင်တာမီလန်အသင်းသည် ခရိုအေးရှားကစားသမား မိုဒရစ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကာ ရီးရဲမက်ဒရစ် အသင်းအနေဖြင့်လည်း မိုဒရစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။ အသက် ၃၂ နှစ်အရွယ်ရှိ မိုဒရစ်နှင့် ရီးရဲမက်ဒရစ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် ပြင်ဆင်ထားဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ပြော

ရန်ကုန် သြဂုတ် ၆

ယခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အသင်းများသည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲများအနက် အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလား ပြိုင်ပွဲကို အောင်မြင်မှုရရှိရန် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ် မကျေပွဲဒီဇင်ဘာတွင် ကျင်းပမည်

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း

 

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တစ်ကျော့ပြန် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ဒီဇင်ဘာတွင် မကျေပွဲယှဉ်ပြိုင်ထိုး သတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါစိန်ခေါ်ပွဲကို ဒီဇင်ဘာအတွင်း ကျင်းပရန်စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့် ရက်နှင့်နေရာကိုမူ အပြီးသတ် မဆုံးဖြတ်ရသေးကြောင်း ဦးဝဏ္ဏ က ဆိုသည်။

ALPINE CUP တောင်ကိုရီးယား ဗိုလ်စွဲ၊ မြန်မာအသင်း ထိုင်းကို နိုင်ပြီး ဒုတိယဆုရ

ALPINE CUP 2018 လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို တောင်ကိုရီးယား ယူ-၁၉ အသင်းက ရရှိသွားပြီး ဒုတိယဆုကို အိမ်ရှင် မြန်မာ ယူ-၂၃ အသင်း၊ တတိယဆုကို ဘာရိန်း ယူ-၂၃ အသင်းတို့က အသီးသီး ရရှိသွားပါတယ်။

ALPINE CUP 2018 ဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့မှာ သြဂုတ် ၁ ရက်ကနေ  ၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။

တိုနီခရုဇ် ဂျာမနီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိ

ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ တိုနီခရူးစ် ဟာ ဂျာမနီအားကစား ကလောင်ရှင် တွေက ရွေးချယ်တဲ့ ဂျာမနီတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားတယ်လို့ သိရပါတယ်။

နာမည်ကျော် ဂျာမန်ဘောလုံးမဂ္ဂဇင်းဖြစ်တဲ့ Kicker က ကမကထပြုလုပ်ပြီး ဂျာမနီအားကစား ကလောင်ရှင်းများ အစည်းအရုံးက မဲပေးခဲ့ရာမှာ စုစုပေါင်း ၄၇၅ မဲမှာ ခရူးစ်က ၁၈၅ မဲနဲ့ အများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

အဂူရို၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီးကိုနိုင်ပြီး မန်စီးတီး ကွန်မြူနတီဒိုင်း ဗိုလ်စွဲ

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ အဂူရိုရဲ့ ဂိုး ၂ ဂိုးနဲ့အတူ အက်ဖ်အေဖလား ချန်ပီယံ ချဲလ်ဆီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ အဂူရိုက ဂိုးစည်းထိပ်ကနေ မြေလိမ့်ဘော ကန်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်။