ပဉ္စမမြောက်နှင့် အကြီးမားဆုံးနျူကလီးယားစမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်ခဲ့ဖွယ်ရှိ

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်လေ့ရှိသည့် နေရာအနီး မြေပြင်ပေါ်၌ ငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေ၀သအေဂျင်စီများက သတင်း ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယာအရာရှိနှင့် လေ့လာသူများက “မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ပဉ္စမမြောက်နှင့် အကြီးမားဆုံး နျုကလီးယားစမ်းသပ်မှုကို သောကြာနေ့တွင် ပြုလုပ်ခဲ့ကြောင်း” ပြောကြားခဲ့ကြသည်။

14316738_1273507832668727_2920017387478915682_n

အမေရိကန်၊ ဥရောပနှင့် တရုတ်အေဂျင်စီများက မြေတုန်ခါမှုကို ဂရင်းနစ်စံတော်ချိန် နံနက် ၁၂ နာရီခွဲအချိန်တွင် တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ြ ပန်သည်။ အမေရိကန် ဘူမိတိုင်းတာရေးနှင့် ဥရောပအေဂျင်စီ များက အဆိုပါ မြေတုန်ခါမှုသည် ၅.၃ မဂ္ဂနီကျုပြင်းအားရှိသည်ဟုဆိုသည်။

တောင်ကိုရီးယား အစိုးရတာဝန်ရှိသူများနှင့် မိုးလေ၀သအေဂျင်စီတို့က ၎င်းသည် နျူကလီးယား စမ်းသပ်ခြင်း ဖြစ်သည်ဟု သံသယရှိကြောင်းနှင့် တောင်ကိုရီးယား အစိုးရက အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း ပြောကြားသည်။

တရုတ်မြေငလျင်ကွန်ရက်ဗဟိုဌာနက အဆိုပါ မြေတုန်ခါမှုသည် ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်သည်ဟု သံသယ ရှိကြောင်း ပြောကြားသည်။

တရုတ်ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံ ရှေ့မြောက် ပိုင်း နယ်စပ်တလျှောက်တွင် အရေးပေါ် ဓာတ်ရောင်ခြည်တိုင်းတာမှုကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယင်းကဲ့သို့ နျူကလီးယားစမ်းသပ်မှုကို သည်းမခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန့်ကျင်လိုက်ပြီး ဓာတ်ရောင်ခြည်ပျံ့လွင့်မှုကို တိုင်းတာရန် စစ်တပ် ဂျက် လေယာဉ်နှစ်စင်းကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောသည်။

Ref:Reuters


Leave a Reply