ဂြိုဟ်သိမ်ဂြိုဟ်မွှား နမူနာ စုဆောင်းရန်အာကာသယာဉ်ကို နာဆာ လွှတ်တင်

သက်ရှိများ၏အစကို ပိုမိုလေ့လာနိုင်မည်ဟု မျှော်လင့်လျှက် ဂြိုဟ်သိမ်နမူနာများကို စုဆောင်းပြီး ကမ္ဘာသို့ ပြန်လာ မည့် နာဆာ၏ ပထမဆုံးစက်ရုပ်ပါ အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစခန်းမှ လွှတ်တင် ပြီဟု သိရသည်။

14237497_1273543949331782_6184270351859548221_n

နာဆာ၏ United Launch Alliance မှ တည်ဆောက်ထားသော အထပ် ၁၉ ထပ်ပါ ဒုံးကျည်တွင် ကမ္ဘာအနီးရှိ ဂြိုဟ်သိမ် ဘန်နူသို့ ခရီးနှင်မည့် အိုရီဆစ်ရက်စ်ဂြိုဟ်တုပါရှိပြီး ၎င်းဒုံးကျည်ကို ဒေသစံတော်ချိန် ညနေ ၇ နာရီတွင် ကာနေဘရယ်အငူ လေတပ်စခန်းမှ လွှတ်တင်ခဲ့သည်။

ဒုံးကျည်၏ ထိပ်ပိုင်းမှ အလေးအချိန် ပေါင် ၃၃၀၀ ရှိသည့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်း ခွဲထွက်လာပြီးနောက် တစ်နာရီအတွင်း အသံထက် ၂၈ ဆမြန်သော တစ်နာရီလျှင် မိုင် ၂ သောင်း ၂ ထောင်နှုန်းဖြင့် ထွက်ခွာသွားပြီး ဒေါ်လာ ၁ ဘီလီယံကုန်ကျခဲ့သည့် ၇ နှစ်ကြာမည့် ခရီးစဉ်ကိုကို စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ref:AFP



Leave a Reply